ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်ရှိ ရပ်ကွက်များတွင် သုံးပုံးမခေါက်ရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လိုက်လံပြောဆိုခဲ့သော်လည်း
မြစ်ကြီးနားမြို့ပေါ်ရှိ ဒူကထောင်၊ တပ်ကုန်း၊ မင်းရပ်၊ သီတာနှင့် အခြားရပ်ကွက်များတွင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့်အနေဖြင့် သံပုံးတီးခေါက်ကြသည်ဟု သိရသည်။

ယနေ့ (ဖေဖော်ဝါရီလ ၅ ရက်) ညနေပိုင်းတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက သံပုံးတီးခေါက်မှုမပြုရန် လိုက်လံသတိပေးကြသည်ဟု ဆိုသည်။
မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်များတွင် ဖေဖော်ဝါရီလ ၃ ရက်ညမှ စတင်ကာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့်အနေဖြင့် သံပုံးတီးခေါက်မှုများ ပြုလုပ်ကြခြင်းဖြစ်သည်။
Photo Credit to Rightful Owner
သင့်ထင်မြင်ချက်ရေးပေးပါ