ကိုဗစ်၁၉ ကပ်ရောဂါကြောင့် သေဆုံးသူရှိခဲ့သည့် ကဘူဒမ်းစစ်ရှောင်စခန်းတွင် ဆေးဝါးနှင့် အသုံးဆောင်ပစ္စည်းများလိုအပ်နေ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ နန်းကွေ့ကျေးရွာမှ ကိုဗစ်၁၉ ရောဂါဖြင့် သေဆုံးသူရှိခဲ့သည့် ကဘူဒမ်း စစ်ရှောင်စခန်းတွင် ဆေးဝါးနှင့် PPE ဝတ်စုံများ လိုအပ်နေကြောင်းသိရသည်။
စစ်ကောင်စီထောင်ထားသော မိုင်းနင်းမိ၍ ခြေတစ်ဖက်ပြတ်တောက်သွားသော အငြိမ်းစား ရဲဝန်ထမ်း ကွယ်လွန်
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့၊ ဆယ်မိုင်ကုန်းရပ်ကွက်တွင် ယမန်နေ့က စစ်ကောင်စီထောင်ထားသော မိုင်းနင်းမိခဲ့သည့်အတွက် ခြေတစ်ဖက်ပြတ်တောက်သွားသော အငြိမ်းစား ရဲဝန်ထမ်းတစ်ဦး ယနေ့ နံနက် သုံးနာရီခန့်က ကွယ်လွန်သွားကြောင်း သိရသည်။
ကောလင်းမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပြည်သူတစ်ဦး၏ နေအိမ်ဖျက်ဆီးပြီး နွားတစ်ကောင်သတ်ဖြတ်
စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်၊ သဲကောကျေးရွာတွင် ယနေ့ဩဂုတ်လ ၂၄ ရက်၊ နံနက် ၇နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပြည်သူတစ်ဦး၏ နေအိမ်တစ်အိမ်နှင့် တဲတစ်လုံးကို ဖျက်စီးခဲ့ပြီး နွားတစ်ကောင်ကိုလည်း ပစ်သတ်ခဲ့ကြောင်း...
ချာဆီယံ
ကာတွန်း – နာနတ်သီး
ဖောင်းပြင်မြို့နယ်တွင် We Love Kaya ပရဟိတအဖွဲ့က ဦးဆောင်ပြီး ဆေးခန်းဖွင့်၊ ဆေးဝါးနှင့် ပစ္စည်းကိရိယာများလိုအပ်နေ
စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့နယ်တွင် ပြည်သူမှ ပြည်သူသို့ We Love Kaya ပရဟိတ အခမဲ့ဆေးခန်းကို ဩဂုတ်လ ၁၅ ရက်နေ့တွင် စတင်ဖွင့်လှစ်ကာ ကိုဗစ်၁၉ လူနာများအပြင်...
နမ္မတီး KBC စစ်ရှောင်စခန်းတွင် ပထမဆုံး ကိုဗစ်ပိုး စတင်တွေ့ရှိ
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့ရှိ KBC စစ်ရှောင်စခန်းတွင် ဩဂုတ်လ ၂၃ရက်နေ့က ပထမဆုံး ကိုဗစ်ပိုးစတင်တွေ့ရှိခဲ့ကြောင်း သိရသည်။
မြစ်ကြီးနားမြို့ ပမ္မတီးရပ်ကွက်ရှိ အေဂျီစစ်ရှောင်စခန်းနေ ပြည်သူများ စားနပ်ရိက္ခာ ခက်ခဲနေ
ကိုဗစ်တတိယလှိုင်းအတွင်း မြစ်ကြီးနားမြို့ ပမ္မတီးရပ်ကွက်ရှိ အေဂျီစစ်ရှောင်စခန်းမှ ပြည်သူများ စားနပ်ရိက္ခာခက်ခဲနေကြောင်းသိရသည်။
စစ်ကောင်စီထောင်ထားသော မိုင်းနင်းမိ၍ အငြိမ်းစား ရဲဝန်ထမ်းတစ်ဦး ခြေထောက်တစ်ဖက်ဆုံးရှုံး
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့၊ ဆယ်မိုင်ကုန်းရပ်ကွက်နေ အငြိမ်းစား ရဲဝန်ထမ်းတစ်ဦးသည် ယနေ့ မွန်းလွှဲ တစ်နာရီဝန်းကျင်က စစ်ကောင်စီ ထောင်ထားသော မိုင်းနင်းမိ၍ ခြေထောက်တစ်ဖက်ဆုံးရှုံးသွားကြောင်း သိရသည်။ စစ်ကောင်စီတပ်စွဲထားသော ရန်အောင်ရတနာစေတီအနီးတွင်...
ခွေးပါးစပ်က နတ်စကားထွက်
ကာတွန်း – Ajushi
မိုးညှင်းမြို့တွင် ဆန်လေးပြည်ကို တစ်ထောင်ကျပ်ဖြင့်ရောင်းချ
ကိုဗစ်ကာလအတွင်းခက်ခဲနေသော အခြေခံအိမ်ထောင်စုများအတွက် မိုးညှင်းမြို့ အလှူရှင်မိသားစုနှစ်စုမှ ဆန်လေးပြည်ကို တစ်ထောင်ကျပ်ဖြင့် နားခါမြောက်ရပ်ကွက်ရှိ ဂျပန်မဓာတ်မြေဩဇာရောင်းဝယ်ရေးဆိုင်တွင် ယနေ့ နံနက်ပိုင်းက ရောင်းချခဲ့ကြောင်းသိရသည်။