စစ်ကောင်စီ​ထောင်ထား​သော မိုင်းနင်းမိ၍ အငြိမ်းစား ရဲဝန်ထမ်းတစ်ဦး ​ခြေ​​ထောက်တစ်ဖက်ဆုံးရှုံး

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့၊ ဆယ်မိုင်ကုန်းရပ်ကွက်​နေ အငြိမ်းစား ရဲဝန်ထမ်းတစ်ဦးသည် ယ​နေ့ မွန်းလွှဲ တစ်နာရီဝန်းကျင်က စစ်ကောင်စီ ထောင်ထားသော မိုင်းနင်းမိ၍ ခြေထောက်တစ်ဖက်ဆုံးရှုံးသွားကြောင်း သိရသည်။

စစ်​ကောင်စီတပ်စွဲထား​သော ရန်အောင်ရတနာစေတီအနီးတွင် အသီးအရွက် သွားရောက်ခူးယူစဉ် မိုင်းနင်းမိခြင်းဖြစ်ကြောင်း နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။

စစ်ကောင်စီ​ထောင်ထား​သော မိုင်းနင်းမိ၍ အငြိမ်းစား ရဲဝန်ထမ်းတစ်ဦး ​ခြေ​​ထောက်တစ်ဖက်ဆုံးရှုံး

 

“စစ်သားတွေထောင်ထားတဲ့ မိုင်းကိုနင်းမိတာပါ။ ခြေထောက်တစ်ဖက်ပြတ်သွားပါတယ်။ ပင်စင်ထုတ်ပြီး အိမ်ပြန်ရောက်ပြီး​နောက်ပိုင်း ဟင်းခူးထွက်ရင်း မိုင်းနင်းမိတာပါ။ အခုမိုင်းနင်းမိတဲ့နေရာက စစ်ကောင်စီတွေတပ်စွဲထားတဲ့ နေရာနဲ့ မဝေးပါဘူး” ဟု ပြောသည်။
ကြက်ခြေနီအဖွဲ့မှ မိုင်းနင်းမိသူအား အရေးပေါ်ပြုစုပေးခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်လိုက်ပြီ ဖြစ်ကြောင်း သူကဆက်ပြောသည်။
မိုင်းနင်းမိသူမှာ အသက် ၆၅ နှစ်အရွယ် ဦးလိန်းရွှီဖြစ်ပြီး အငြိမ်းစား ရဲဝန်ထမ်းတစ်ဦးဖြစ်သည်ဟု သိရသည်။

ကန်ပက်လက်မြို့ရှိ အ.ထ.က ကျောင်း၊ ရဲစခန်းနှင့် ရန်အောင်ရတနာစေတီတို့တွင် စစ်ကောင်စီမှတပ်စွဲထား​ကြောင်းသိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ