ကုန်တင်ကားကဲ့သို့ အသွင်ယူထားသည့် စစ်ကောင်စီ၏ ထောက်ပို့ယာဉ်တစ်စီးကို KIA အဖွဲ့ မီးရှို့ဖျက်စီး
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့၊ ဆယ်မိုင်ကုန်းရပ်ကွက်တွင် ယမန်နေ့က စစ်ကောင်စီထောင်ထားသော မိုင်းနင်းမိခဲ့သည့်အတွက် ခြေတစ်ဖက်ပြတ်တောက်သွားသော အငြိမ်းစား ရဲဝန်ထမ်းတစ်ဦး ယနေ့ နံနက် သုံးနာရီခန့်က ကွယ်လွန်သွားကြောင်း သိရသည်။

ကုန်တင်ကားကဲ့သို့ အသွင်ယူထားသည့် စစ်ကောင်စီ၏ ထောက်ပို့ယာဉ်တစ်စီးကို KIA အဖွဲ့ မီးရှို့ဖျက်စီး

 

အသက် ၆၅ နှစ်အရွယ် အငြိမ်းစား ရဲဝန်ထမ်း ဦးလိမ်းရွှီသည် ဩဂုတ်လ ၂၃ ရက်နေ့က ပင်စင်ထုတ်ပြီးအပြန် ရန်အောင်ရတနာစေတီအနီးတွင် ဟင်းရွက်ခူးယူနေစဉ် စစ်ကောင်စီထောင်ထားသော မိုင်းနင်းမိသဖြင့် ခြေတစ်ဖက်ပြတ်သွားခဲ့ပြီး ရရှိထားသောဒဏ်ရာများကြောင့် သေဆုံးသွားခြင်းဖြစ်သည်။
“အခု ပခုက္ကူကနေ ပြန်သယ်လာနေကြတာ။ အလောင်းတော့ပြန်မရောက်သေးဘူး။ နေ့လယ်လောက်တော့ ပြန်ရောက်လောက်မှာ။ အလောင်းပြန်ရောက်ပြီးမှပဲ ညနေပိုင်းလောက်မှ သင်္ဂြိုလ်ဖြစ်လောက်တော့မယ်” ဟု ပြောသည်။
စစ်ကောင်စီတပ်မှ ရပ်ကွက်အတွင်း မိုင်းထောင်ထားမှုကြောင့် ယခုကဲ့သို့ မိုင်းနင်းမိ၍ သေဆုံးမှုဖြစ်စဉ်များသည် ပြည်သူများအတွက် လုံခြုံမှုမရှိသကဲ့သို့ ခံစားရကြောင်း သူကဆက်ပြောသည်။
“စကစတွေအနေနဲ့ တောထဲတင်မကဘဲ မြို့ထဲထိပါမိုင်းထောင်ထားလို့ ဒီလိုလူမဆန်တဲ့လုပ်ရပ်တွေကြောင့် ကိုယ့်အိမ်ခြံဝင်းထဲမှာတောင် မလုံခြုံတော့ဘူးလို့ ခံစားရတယ်။ ပြီးတော့ ရပ်ကွက်နေပြည်သူတွေအတွက်လည်း အရမ်းစိုးရိမ်ရတယ်” ဟု ပြောသည်။
ကန်ပက်လက်မြို့ရှိ အ.ထ.က ကျောင်း၊ ရဲစခန်းနှင့် ဦးလိမ်းရွှီ မိုင်းနင်းမိသေဆုံးခဲ့သည့် ရန်အောင်ရတနာစေတီတို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားကြောင်း ကန်ပက်လက်ဒေသခံများကဆိုသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၁၅ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ကြောင်းထွက်နေစဉ် ကန်ပက်လက်ဒေသခံအချို့အား ရမ်းသမ်းပစ်ခတ်မှုကြောင့် သားအဖနှစ်ဦးအား ကျည်ထိမှန်ခဲ့သည်။
သင့်ထင်မြင်ချက်ရေးပေးပါ