Month: November 2023

ကလေးတွင် စစ်ကောင်စီစခန်းတစ်ခုကို တော်လှန်ရေးတပ်ဖွဲ့များတိုက်ခိုက်သိမ်းပိုက်၊ တပ်ဖွဲ့ဝင်နှစ်ဦးကျဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ယနေ့ နံနက် ၉ နာရီခွဲခန့်က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်နှစ်ဦးကျဆုံးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်က ပစ်ခတ်သဖြင့် ဝိုင်းမော်ဒေသခံတစ်ဦး ဒဏ်ရာရ

ဦးရွှေမင်းဦးဆောင်သည့် ပြည်သူ့စစ်တပ်ဖွဲ့က ဝိုင်းမော်မြို့နယ်တွင် ကင်းလှည့်နေစဉ် သေနတ်နှင့် ပစ်ခတ်ခဲ့သောကြောင့် အမျိုးသားတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သေနတ်လုယူထွက်ပြေးရန် ကြိုးစားသည့် ပျူစောထီးသုံးဦးသေဆုံး၊ ပြည်သူ့စစ်ခေါင်းဆောင်ကို သတ်ဖြတ်ပြီး အလင်းဝင်သည့်သတင်းမမှန်

တမူးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သည့် ပျူစောထီးအဖွဲ့ဝင်သုံးဦးက သေနတ်လုယူထွက်ပြေးရန် ကြိုးစားစဉ် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။ ထန်းတပင်ကျေးရွာ စာသင်ကျောင်းတွင်တပ်စွဲထားသော စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းတပ်ဖွဲ့ကို နှစ်ရက်ဆက်တိုက် သွားရောက်တိုက်ခိုက်ခဲ့ပြီး ပျူစောထီးငါးဦးကို...

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင် ကုန်ကားများမီးလောင်ပျက်စီး၊ လက်နက်ကြီးကျရောက်ပေါက်ကွဲသည်ဟုဆို

တရုတ် – မြန်မာနယ်စပ် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ရှိ ကျင်စန်းကျော့ဂိတ်တွင် ယနေ့ နံနက် ၈ နာရီခွဲခန့်မှစတင်ကာ ကုန်ကားများမီးလောင်နေကြောင်း သိရသည်။

MNDAA တပ်က စစ်ကောင်စီတပ်စခန်းနှစ်ခုကို ထပ်မံသိမ်းပိုက်သည်ဟုဆို

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ဒေသ၊ ရင့်ရှင့်နေရာရှိ စစ်ကောင်စီတပ်စခန်းနှစ်ခုကို ကိုးကန့် (MNDAA) တပ်ဖွဲ့က ယမန်နေ့က ထပ်မံသိမ်းပိုက်ခဲ့ကြောင်းသိရသည်။

မြစ်ကြီးနား-မန္တလေးလမ်းပိုင်းအချို့ကို တော်လှန်ရေးတပ်ဖွဲ့များ ပြန်ဖွင့်ပေး

အင်းတော်မြို့နယ်အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်များက မြစ်ကြီးနား – မန္တလေးကားလမ်းပိုင်းကို ယနေ့ နံနက်ပိုင်းမှစတင်ကာ ပြန်လည်ဖြတ်သန်းသွားလာခွင့်ပြုထားကြောင်း သိရသည်။

ရခိုင်ပြည်တွင် ၁၀ ရက်အတွင်း စစ်ကောင်စီစခန်း ၅၀ နီးပါးကို သိမ်းဆည်းရမိခဲ့ကြောင်း AA ပြော

ရခိုင်ပြည်နယ်တွင် “၁၀၂၇ စစ်ဆင်ရေး” စတင်ခဲ့သည့် ၁၀ ရက်အတွင်း စစ်ကောင်စီတပ်စခန်း ၅၀ ခန့်ကို ရက္ခိုင့်တပ်တော် (AA) က သိမ်းဆည်းရရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော် (AA)...

တန့်ဆည်မြို့ပေါ်တွင် စစ်ကောင်စီတပ်စွဲထားသောနေရာများ တိုက်ခိုက်ခံရ၊ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံး

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲထားသည့်နေရာများကို ယနေ့နံနက် သန်းခေါင်ယံ ၁၂ နာရီခွဲခန့်က ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

စခန်းတိုက်ခိုက်ခံရစဉ် ထွက်ပြေးသွားသည့် စစ်ကောင်စီဗိုလ်မှူးနှင့် ၁၂ ဦးကို ပြန်ဖမ်းမိ

တီးတိန်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို PDF Zolandမှ သွားရောက်တိုက်ခိုက်သိမ်းပိုက်ချိန် စခန်းစွန့်ခွာထွက်ပြေးသွားသည့် ဗိုလ်မှူးတစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦးကို ယမန်နေ့ညပိုင်းက ပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖားကန့်တွင် အုပ်စုဖွဲ့လုယက်သူများထဲမှ နှစ်ဦးကိုဒေသခံများဝိုင်းဝန်းဖမ်းဆီး

ဖားကန့်မြို့တွင် ယမန်နေ့က အုပ်စုဖွဲ့လက်နက်ကိုင်လုယက်မှု နှစ်ခုဖြစ်ပွားခဲ့ပြီး ကျူးလွန်သူနှစ်ဦးကို ဒေသခံများဝိုင်းဝန်းဖမ်းဆီးလိုက်ကြောင်း သိရသည်။

စာမရသဖြင့် ဆဲဆိုရိုက်နှက်ခံရသည့်ကျောင်းသား မိမိကိုယ်ကိုယ်သတ်သေ

တနိုင်းလီဒိုလမ်းမပေါ်ရှိ နောင်းလုံကောင်ရာကျေးရွာတွင် ယနေ့ညနေ ၄ နာရီခန့်က အလယ်တန်းကျောင်းသားတစ်ဦး ကြိုးဆွဲချသေဆုံးနေသည်ကိုတွေ့ရှိခဲ့ကြောင်း သိရသည်။

“(စစ်ကောင်စီစခန်းကိုသိမ်းတာ) အဲ့လောက်တောင် လွယ်ရသလားဆိုတဲ့ စိတ်ကဝင်သွားတယ်ပေါ့နော်” – ခွန်းဖရန့်စစ်

ကရင်နီပြည်နယ်က တော်လှန်ရေးတပ်ပေါင်းစုရဲ့နိုဝင်ဘာလ ၁၁ ရက်နေ့က စတင်ခဲ့တဲ့ ၁၁၁၁ စစ်ဆင်ရေး ပထမနေ့မှာ လွိုင်ကော်မြို့၊ ဘုရားဖြူစစ်ကောင်စီစခန်းသိမ်းတိုက်ပွဲ အတွေ့အကြုံကို ဒီးမော့ဆိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ ဒုတိယပြန်ကြားရေးမှူး ခွန်းဖရန့်စစ်က The...