ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ဒေသ၊ ရင့်ရှင့်နေရာရှိ စစ်ကောင်စီတပ်စခန်းနှစ်ခုကို ကိုးကန့် (MNDAA) တပ်ဖွဲ့က ယမန်နေ့က ထပ်မံသိမ်းပိုက်ခဲ့ကြောင်းသိရသည်။

ကိုးကန့်တုန်းရှမ်းဒေသ ရင့်ရှင့်အနောက်တောင်ကုန်း ရာပါးချင့်နှင့် ဟုန်အိုင်ထုံးနေရာရှိ စစ်ကောင်စီတပ်စခန်းတို့ကို ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း The Kokang က ထုတ်ပြန်ထားသည်။

ထို့အပြင် ရှင်းဝမ်ဒေသ၊ လောက်ကောင်ကျိုင့်မှ မန်ကန်ရွာကျေးရွာသို့ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးကိုလည်း ယမန်နေ့က နံနက် ၉ နာရီခွဲခန့်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ကိုးဦး သေဆုံးပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြထားသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၁ ရက်နေ့ကလည်း ဟုန်ရှင်းဒေသ ရှင့်ထန်အုပ်စု ချစ်ကျူလင်ရွာရှိ စစ်ကောင်စီတပ်စခန်းကို MNDAA တပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

မြောက်ပိုင်းညီနောင်အဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး” စတင်ခဲ့သည့် အောက်တိုဘာ ၂၇ ရက်နေ့မှ ယမန်နေ့အထိ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ကောင်စီတပ်စခန်းအကြီး၊ အသေး စုစုပေါင်း ၁၆၄ ခုကို သိမ်းပိုက်ရရှိထားကြောင်း သိရသည်။

သတင်း – Thu Ta
ဓါတ်ပုံ – The Kokang

သင့်ထင်မြင်ချက်ရေးပေးပါ