Month: August 2021

ချင်းဖိုက်တာ ထီရယ်လ်တန် ယနေ့ည ထိုးသတ်မည်

သိုင်းပေါင်းစုံတိုက်ခိုက်ရေး (MMA) ကစားသမား ချင်းဖိုက်တာ ထီရယ်လ်တန်နှင့် တောင်ကိုရီးယားဖိုက်တာ ဆောင်မင်ဂျုံန်တို့ ယနေ့ည ယှဉ်ပြိုင်ထိုးသတ်သွားမည်ဖြစ်သည်။

မိုးညှင်းမြို့တွင် အပြင်သွားလာခွင့် ကဒ်ပြားများ လိုက်လံဖြန့်ဝေ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့တွင် အပြင်သွားလာခွင့် ကဒ်ပြားကိုင်ဆောင်မှသာ သွားလာခွင့် ပြုတော့မည်ဖြစ်ကြောင်း သိရသည်။

မလိခမြစ်ရေမြှင့်တက်လာမှုကြောင့် ပူတာအိုမြို့နယ်ရှိ နမ်ကန်ချောင်းတံတား ပျက်စီး

မလိခမြစ်ရေမြင့်တက်လာမှုကြောင့် ပူတာအိုမြို့နယ်ရှိ နမ်ကန်ချောင်းတံတား ပျက်စီးခဲ့ကြောင်း သိရသည်။

မချမ်းဘော့မြို့နယ်ရှိ မလိခမြစ်ရေ တစ်ပေခွဲခန့်ပြန်ကျ

ကချင်ပြည်နယ် ပူတာအိုခရိုင် မချမ်းဘော့မြို့နယ်ရှိ မလိခမြစ်ရေသည် ဩဂုတ်လ ၂၇ ရက် နံနက် ၆နာရီခွဲမှ ၈နာရီခွဲထိ တိုင်းတာချက်အရ နှစ်နာရီအတွင် မြစ်ရေ ၁ ပေခွဲခန့်...

လွိုင်ကော်မြို့တွင် စစ်ကောင်စီပိုင် Mytel ရုံးနှစ်ရုံးနှင့် ဖုန်းတာဝါတိုင် ဖောက်ခွဲဖျက်စီးခံရ

ကယားပြည်နယ် လွိုင်ကော်မြို့တွင် သုံးရက်အတွင်း စစ်ကောင်စီပိုင် Mytel ရုံး နှစ်ရုံးနှင့် Mytel ဖုန်းတာဝါတိုင် တစ်တိုင် ဖောက်ခွဲဖျက်စီးခံရကြောင်းသိရသည်။ Mytel ရုံးနှစ်ရုံးနှင့် ဖုန်းတာဝါတိုင် ဖောက်ခွဲဖျက်စီးခံရသော်လည်း...

ကောလင်းတွင် စစ်ကောင်စီစစ်ကားနှစ်စီးမိုင်းခွဲခံရပြီး နှစ်ဆယ်ကျော်သေဆုံး

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် သစ်ဆိမ့်ကုန်းကျေးရွာနှင့် တောင်မော်ရွာကြား ကောလင်းလမ်းပိုင်းတစ်နေရာတွင် ယနေ့မွန်းလွှဲ ၃နာရီခွဲခန့်က စစ်ကောင်စီတပ်၏ စစ်ကား နှစ်စီးမိုင်းခွဲခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးနှင့်အထက် သေဆုံးကြောင်း သိရသည်။

ပူတာအိုမြို့နယ် တန်ဂျာကျေးရွာအနီးတွင် စစ်ကောင်စီတပ်ကို KIA တိုက်ခိုက်၊ စစ်ကောင်စီတပ် သေဆုံးသူများ

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ် မြစ်ကြီးနား – ပူတာအို ကားလမ်းမဘေးရှိ တန်ဂျာကျေးရွာအနီး ယနေ့ မွန်းလွဲလေးနာရီခန့်က စစ်ကောင်စီတပ်ဖွဲ့နှင့် KIAတပ်ဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ​သေဆုံးသူများသည်ဟု သိရသည်။

ကောလင်းတွင် အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်သတ်ဖြတ်

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်၊ ဖလဲကျေးရွာတွင် ယမန်နေ့ ဩဂုတ်လ၂၅ ရက်နေ့ည ၉ နာရီဝန်းကျင်ခန့်က ပြည်သူတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်သတ်ခဲ့ကြောင်း သိရသည်။

နောင်မွန်တွင် ဒေသခံလူငယ်များကို ဓားဖြင့်ခုတ်ခဲ့သည့် ဝန်ထမ်းများကို အမှုဖွင့်

ကချင်ပြည်နယ်၊ နောင်မွန်မြို့ရှိ ဆောက်လုပ်ရေးဦးစီးဌာနဝင်းအတွင်း ဩဂုတ်လ ၂၂ ရက်နေ့က ဒေသခံလူငယ်များကို ဓားဖြင့်ခုတ်ခဲ့သည့် ဝန်ထမ်းများကို အမှုဖွင့်ထားပြီဖြစ်ကြောင်း သိရသည်။

မြစ်ကြီးနားမြို့တွင် ပွိုင့်ဖိနပ်များ​ ရောင်းချခြင်းမပြုရန် စစ်​ကောင်စီ တားမြစ်ထား

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ဖိနပ်အ​ရောင်းဆိုင်များတွင် စစ်သုံးပွိုင့်ဖိနပ်များ ​ရောင်းချခြင်းမပြုရန် စစ်ကောင်စီက တားမြစ်ထား​ကြောင်း သိရသည်။