မချမ်းဘော့မြို့နယ်ရှိ မလိခမြစ်ရေ တစ်ပေခွဲခန့်ပြန်ကျ
ကချင်ပြည်နယ် ပူတာအိုခရိုင် မချမ်းဘော့မြို့နယ်ရှိ မလိခမြစ်ရေသည် ဩဂုတ်လ ၂၇ ရက် နံနက် ၆နာရီခွဲမှ ၈နာရီခွဲထိ တိုင်းတာချက်အရ နှစ်နာရီအတွင် မြစ်ရေ ၁ ပေခွဲခန့် ကျဆင်းသွားကြောင်း သိရသည်။

မချမ်းဘော့မြို့နယ်ရှိ မလိခမြစ်ရေ တစ်ပေခွဲခန့်ပြန်ကျ

 

မချမ်းဘော့မြို့နယ်ရှိ မလိခမြစ်ရေသည် ယနေ့နံနက် နှစ်နာရီအတွင်း ၅၀ စင်တီမီတာ (၁ပေ ၈လက်မ) ပြန်လည်ကျဆင်းသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ သိရသည်။
မလိခမြစ်ရေသည် ယမန်နေ့ ဩဂုတ်လ ၂၆ ရက်နေ့ညက စိုးရိမ်ရေမှတ် ၁၂၀၀ စင်တီမီတာ အထက် ၁၀၇ စင်တီမီတာ (၃ ပေခွဲ) ခန့်ထိမြင့်တက်ခဲ့သည်။
မြစ်ရေမြင့်တက်လာသောကြောင့် ယမန်နေ့ညက ရေဝင်ရောက်ခဲ့သည့် ကျေးရွာအချို့မှာလည်း ရေပြန်ကျသွားပြီဖြစ်ကြောင်းသိရသည်။
သင့်ထင်မြင်ချက်ရေးပေးပါ