မလိခမြစ်ရေမြှင့်တက်လာမှုကြောင့် ပူတာအိုမြို့နယ်ရှိ နမ်ကန်ချောင်းတံတား ပျက်စီး
မလိခမြစ်ရေမြင့်တက်လာမှုကြောင့် ပူတာအိုမြို့နယ်ရှိ နမ်ကန်ချောင်းတံတား ပျက်စီးခဲ့ကြောင်း သိရသည်။

မလိခမြစ်ရေမြှင့်တက်လာမှုကြောင့် ပူတာအိုမြို့နယ်ရှိ နမ်ကန်ချောင်းတံတား ပျက်စီး

 

နမ်ကန်ချောင်းတံတားသည် ပျဉ်ခင်း ကြိုးတံတားအမျိုးအစားဖြစ်ပြီး ချောင်းရေတက်လာချိန် ကြမ်းခင်းပျဉ်ပြား အချို့ မျောပါသွားသောကြောင့် ပျက်စီးသွားခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“တံတားကပျက်သွားတော့ ဆိုင်ကယ်တွေဖြတ်လို့မရတော့ဘူး ရေကနေဖြတ်မယ် ဆိုလည်း ခုကချောင်းရေကြီးနေတော့ အခက်အခဲဖြစ်နေတယ်” ဟု သူကပြောသည်။
အဆိုပါတံတားသည် ယမန်နေ့ညက ရေဝင်ရောက်ခဲ့သည့် နမ်ဘူယန်ကျေးရွာနှင့် မန်နိုကျေးရွာကြား ဆက်သွယ်ထားသော တံတားဖြစ်သည်။
သင့်ထင်မြင်ချက်ရေးပေးပါ