Month: August 2021

လွိုင်​ကော်မြို့နယ်တိုက်ပွဲအတွင်း စစ်​ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦး အပါအဝင် ​သေဆုံးသူများပြား

ကယားပြည်နယ်၊ လွိုင်​ကော်မြို့နယ်တွင် ယမန်နေ့ ဩဂုတ်၂၈ ရက်နေ့က စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ် KNDF တို့ကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

လွိုင်​ကော်မြို့နယ်တိုက်ပွဲအတွင်း စစ်​ကောင်စီတပ်ဖွဲ့ဝင်များလက်နက်ချထွက်​​ပြေး၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေး​ကျေးရွာအရှေ့ဘက်ခြမ်းတွင် ယနေ့ညနေ ငါးနာရီခန့်၌ စစ်ကောင်စီတပ်ဖွဲ့နှင့် ကရင်နီတပ်မတော် KNDF၊ PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားစဥ် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ချထွက်ပြေးခဲ့ကြောင်းသိရသည်။

ရှမ်းမြောက်တွင် စစ်ကောင်စီတပ်ဖွဲ့များ အတုံးအရုံး သေဆုံး၊ လက်နက်အများအပြား သိမ်းဆည်းရမိ

ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့တွင် ယနေ့ နေ့လာ်က စစ်ကောင်တပ်များကို ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် ကိုးကန့် (MNDAA) တပ်များ ပူးပေါင်းတိုက်ခိုက်သဖြင့် စစ်ကောင်စီတပ်များ အကျအဆုံးများသည်ဟု သိရသည်။

မဒိန်ကျေရွာမှ ဒေသခံပြည်သူသုံးဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီး

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မဒိန်ကျေးရွာတွင် ယနေ့ ဩဂုတ်လ ၂၈ ရက်နေ့၌ ခ.လ.ရ ၅၈ တပ်က ဒေသခံပြည်သူ‌ သုံးဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ဝိုင်း​မော် ခ.လ.ရ (၅၈)တပ်၏ လက်နက်ကြီး လူ​နေအိမ်အချို့တွင် ကျ​​ရောက် ​ပေါက်ကွဲ

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ ခ.လ.ရ(၅၈)တွင် ယနေ့ပစ်ခတ်မှုဖြစ်ပွားချိန် ခါ့ကွမ်‌ေကျးရွာနှင့် မဒိန်ကျေးရွာရှိ လူနေအိမ်အချို့တွင် လက်နက်ကြီး ကျရောက်မှုများရှိခဲ့‌ေကြာင်း သိရသည်။

ဝိုင်း​မော် ခ.လ.ရ(၅၈)တွင် ပစ်ခတ်​​သံများကြား​နေရ

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့ ခ.လ.ရ (၅၈)တွင် ယ​နေ့ မွန်းလွဲ တစ်နာရီ အချိန်မှစ၍ လက်နက်ကြီးနှင့်သေနတ် ပစ်ခတ်သံများကြားရကြောင်းသိရသည်။

မိုးကုတ်တွင် ငါးနှစ်အရွယ်က​လေးတစ်ဦး အဓမ္မပြုကျင့်သတ်ဖြတ်ခံရ

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ ညောင်ကုန်းအောက်ရွာတွင် ယမန်​နေ့ ညနေပိုင်းက အသက် ငါးနှစ်အရွယ် မိန်းကလေးတစ်ဦး အဓမ္မပြုကျင့်သတ်ဖြတ်ခံရ​ကြောင်း သိရသည်။

မိုးညှင်းပြည်သူများ၏ အလှူငွေဖြင့် အောက်စီဂျင်စက်ရုံ စတင်ဆောက်လုပ်နေ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့ရှိ ပြည်သူများ၏ စုပေါင်းလှူဒါန်းငွေများဖြင့် သိန်းတစ်ထောင်ကျော်ကုန်ကျမည့် အောက်စီဂျင်စက်ရုံကို စတင်ဆောက်လုပ်နေပြီ ဖြစ်ကြောင်း သိရသည်။