ပူတာအိုမြို့နယ် တန်ဂျာကျေးရွာအနီးတွင် စစ်ကောင်စီတပ်ကို KIA တိုက်ခိုက်၊ စစ်ကောင်စီတပ် သေဆုံးသူများ
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ် မြစ်ကြီးနား – ပူတာအို ကားလမ်းမဘေးရှိ တန်ဂျာကျေးရွာအနီး ယနေ့ မွန်းလွဲလေးနာရီခန့်က စစ်ကောင်စီတပ်ဖွဲ့နှင့် KIAတပ်ဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ​သေဆုံးသူများသည်ဟု သိရသည်။

ပူတာအိုဘက်မှ ဆင်းလာသော စစ်ကောင်စီတပ်ဖွဲ့နှင့် KIA တို့ တန်ဂျာကျေးရွာအနီးတွင် မိနစ် ၃၀ခန့် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း အမည်မဖော်လိုသူ သတင်းရင်းမြစ်တစ်ဦးက The 74 Media ကို ပြောသည်။
“တန်ဂျာကျေးရွာအနီးမှာ လေးနာရီလောက်က ပူတာအိုကနေဆင်းလာတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ KIA တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေတယ်။ အခုကတော့ တိုက်ပွဲနားနေတယ်။ စစ်ကောင်စီဘက်က အကျအရှုံးများ နေတယ်လို့တော့ ကြားတယ်” ဟု ပြောသည်။
KIA နှင့်တိုက်ပွဲပြင်းထန်ခဲ့သော စစ်ကောင်စီတပ်ဖွဲ့သည် ကချင်ပြည်နယ် စစ်ကောင်စီဥက္ကဌ ဦးခက်ထိန်နန်၏ ပူတာအို ခရီးစဉ်တွင် လုံခြုံရေးလိုက်ပါလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သားများဖြစ်ကြောင်း သူကဆက်ပြောသည်။
လက်ရှိတွင် တိုက်ပွဲကြောင့် အနီးရှိ တန်ဂျာကျေးရွာနေ ဒေသခံများသည် လုံရှာယန်ကျေးရွာဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြောင်းသိရသည်။
ပြီးခဲ့သည့် မေလအတွင်းက မြစ်ကြီးနား- ပူတာအို ကားလမ်း မိုင်တိုင်(၁၀၈)အနီးတွင် ဆီဘောက်ဆာမော်တော်ယာဉ် နှစ်စီး မီးရှို့ဖျက်စီးခံခဲ့ရသည်။
သင့်ထင်မြင်ချက်ရေးပေးပါ