ချင်းဖိုက်တာ ထီရယ်လ်တန် ယနေ့ည ထိုးသတ်မည်
သိုင်းပေါင်းစုံတိုက်ခိုက်ရေး (MMA) ကစားသမား ချင်းဖိုက်တာ ထီရယ်လ်တန်နှင့် တောင်ကိုရီးယားဖိုက်တာ ဆောင်မင်ဂျုံန်တို့ ယနေ့ည ယှဉ်ပြိုင်ထိုးသတ်သွားမည်ဖြစ်သည်။

ချင်းဖိုက်တာ ထီရယ်လ်တန် ယနေ့ည ထိုးသတ်မည်

 

One Championship ပြိုင်ပွဲ၏ BATTLEGROUND III အမည်ရ စိန်ခေါ်ထိုးသတ်ပွဲတွင် တွဲဆိုင်း ၆ ဆိုင်း ထိုးသတ်မည်ဖြစ်ပြီး ချင်းဖိုက်တာ ထီရယ်လ်တန်တို့ တွဲဆိုင်းသည် ဒုတိယတွဲဆိုင်းတွင် ထိုးသတ်သွားမည်ဖြစ်သောကြောင့် မြန်မာစံတော်ချိန် ည ၇ နာရီခွဲဝန်းကျင်ခန့်တွင် ထိုးသတ်သွားမည်ဖြစ်သည်။
အသက် ၂၆ နှစ်အရွယ် ချင်းလူမျိုး ထီရယ်လ်တန်သည် MMA မှတ်တမ်းတွင် ၃ ပွဲထိုးသတ်ထားရာတွင် ၃ ပွဲစလုံး အနိုင်ရရှိထားသူဖြစ်ပြီး သူ၏ ပြိင်ဘက်ဖြစ်သူ အသက် ၂၉ နှစ်အရွယ် ဆောင်မင်ဂျုံန်မှာ MMA မှတ်တမ်းတွင် ၁၉ ပွဲထိုးသတ်ခဲ့ပြီး ၁၁ ပွဲနိုင် ၈ ပွဲရှုံးထားသည်။
ထီရယ်လ်တန် နောက်ဆုံးထိုးသတ်ခဲ့သောပွဲစဉ်တွင် အင်ဒိုနီးရှားနိုင်ငံသား ပေါလ်လူမီဟီကို ဒုတိယအချီတွင် အလဲထိုးကာ အနိုင်ရရှိခဲ့သည်။
ထီရယ်လ်တန်တို့၏ပွဲစဉ်ကို One Championship ၏ Mobile App နှင့် YouTube channel တို့တွင် ထုတ်လွှင့်သွားမည်ဖြစ်ကြောင်းသိရသည်။
ချင်းဖိုက်တာ ထီရယ်လ်တန်သည် အောင်လအင်ဆန်နှင့်အတူ အမေရိကန်တွင် ပြိုင်ပွဲအတွက် လေ့ကျင့်ထားပြီး အောင်လအင်ဆန်နှင့် ရင်းနှီးသည့် ဆက်ဆံရေးရှိသူဖြစ်သည်။
Photo : ထီရယ်လ်တန်ဖေ့စ်ဘုတ်
သင့်ထင်မြင်ချက်ရေးပေးပါ