Month: May 2021

မွန်ပြည်နယ် ဘီးလင်းမြို့နယ်မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးမြင့်ဆွေသည် ယနေ့ မေလ ၂၇ ရက် နံနက် ၈ နာရီခန့်က သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ကနဦးသိရှိရသည်။

စစ်ကောင်စီက ဖမ်းဆီးသွားသော ဖားကန့် မမုံကျေးရွာမှ ပြည်သူများ အမှုဖွင့်ခံရ

ဖားကန့်မြို့နယ်၊ မမုံစံပြကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်ပစ်ဖောက်မှုများပြုလုပ်ကာ ဖမ်းဆီးသွားသော ပြည်သူ ၂၉ ဦးတွင် မသက်မပြည့်သေးသည့် လူငယ်မှလွဲ၍ အားလုံးကို အမှုဖွင့်ထားကြောင်းသိရသည်။

ချီဖွေမြို့အထကကျောင်းတွင် ကျောင်းသား ၅၀၀ ကျော်အနက် ၁၃ ဦးကျောင်းအပ်နှံ

ကချင်ပြည်နယ် ချီဖွေမြို့နယ်တွင် မေလ ၂၂ ရက်နေ့မှ ကျောင်းစတင်လက်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ ၅၀၀ ခန့်ရှိသော ချီဖွေအခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းလာရောက်အပ်နှံသူ ၁၃ ဦးရှိကြောင်းသိရသည်။

ရွှေကူမြို့နယ် ကျောက်ကြီးရဲစခန်း မီးလောင်မှုအပြီး မြင်ကွင်း

ရွှေကူမြို့ ကျောက်ကြီးရဲစခန်း ယမန်နေ့ မေလ ၂၆ ရက် ည ၁၀ နာရီခွဲခန့်တွင် ပေါက်ကွဲမီးလောင်သွားပြီး ဒေသခံများက ရှို့မီးဖြစ်သည်ဟု ယူဆကြသည်။

လွိုင်ကော်မြို့ရှိ လောပိတအမှတ် (၁) ရေအားလျှပ်စစ် စက်ရုံမှူးရုံး မီးလောင်မှုဖြစ်ပွား

ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ လောပိတ အမှတ်(၁) ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ၏စက်ရုံမှူးရုံးသည် ယနေ့နံနက် သုံးနာရီကျော်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရွှေကူမြို့နယ် ကျောက်ကြီးရဲစခန်းတွင် ပေါက်ကွဲမှုဖြစ်ပွား

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ကျောက်ကြီးရပ်ကွက်ရှိ ကျောက်ကြီး ရဲစခန်းတွင် ယနေ့ မေလ ၂၆ ရက်နေ့ည ၁၀ နာရီခွဲခန့်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

မူဆယ်တွင် အလှူငွေကောက်ခံစဉ် ဖမ်းခံရသူများ ပြန်လွတ်ပြီ

ရှမ်းပြည်နယ်၊ မူဆယ်မြို့ စည်ပင်ဈေးတွင် မေလ ၂၆ ရက်နေ့က စစ်ရှောင်ပြည်သူများအတွက် အလှူငွေကောက်ခံနေစဥ် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူများ ပြန်လည်လွတ်မြောက်လာပြီဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။

ဖားကန့်မြို့နယ်ရှိ စာသင်ကျောင်း ၁၈၀ ကျော်တွင် ကျောင်းလာအပ်သူ လူဦးရေ ၂၀ ဝန်းကျင်သာရှိ

အခြေခံပညာ စာသင်ကျောင်းများတွင် ကျောင်းအပ်လက်ခံမှုများကို မေလ ၂၄ ရက်နေ့မှစ၍ စတင်ရန် စစ်ကောင်စီ မှ ညွှန်ကြားထားသော်လည်း ဖားကန့်မြို့နယ်ရှိ ကျောင်းပေါင်း ၁၈၀ ကျော်တွင် ကျောင်းလာအပ်သည့်...