မူဆယ်တွင် အလှူငွေကောက်ခံစဉ် ဖမ်းခံရသူများ ပြန်လွတ်ပြီ

ရှမ်းပြည်နယ်၊ မူဆယ်မြို့ စည်ပင်ဈေးတွင် မေလ ၂၆ ရက်နေ့က စစ်ရှောင်ပြည်သူများအတွက် အလှူငွေကောက်ခံနေစဥ် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူများ ပြန်လည်လွတ်မြောက်လာပြီဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။

ယနေ့နံနက်ပိုင်းတွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူများသည် ယနေ့ညနေ ၇ နာရီခန့်တွင် ပြန်လည်လွတ်မြောက်လာပြီဖြစ်သည်ဟု ဒေသခံတစ်ဦးက The 74 Media ကို ပြောသည်။
“မနက်က အဖမ်းခံရတဲ့ ငါးယောက် ပြန်လွတ်လာပါပြီ၊ ည ၇ နာရီလောက်ကပါ ခံဝန်နဲ့ လွတ်လာတယ်လို့ သိရပါတယ်” ဟုသူကပြောသည်။
၎င်းတို့ ငါးဦးအား ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားဖြစ်ပြီ၊း ထိန်းသိမ်းထားစဉ် သပိတ်ခေါင်းဆောင်များ၏ အကြောင်းအရာများ အချက်အလက်များကိုလည်း မေးမြန်းခဲ့သည်ဟု သူက ဆက်ပြောသည်။

မူဆယ် အမှတ် ၂ စည်ပင်စျေးတွင် ယနေ့နံနက်ပိုင်း ၁၀ နာရီခွဲခန့်တွင် စစ်ရှောင်ပြည်သူများအတွက် အလှူငွေကောက်ခံနေစဥ် စစ်ကောင်စီတပ်များနှင့် မြို့မပြည်သူ့စစ်များမှ လာရောက်ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ