စစ်​ကောင်စီမှ အဖမ်းအဆီးများရှိ​နေ​​သော်လည်း ဖားကန့်မြို့နယ်၊ ဆိုင်းတောင်(ဆိပ်မူ)ကျေးရွာမှ ပြည်သူအချို့၏ ညသပိတ်

ဖားကန့်မြို့နယ်၊ မမုံစံပြကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်ပစ်ဖောက်မှုများပြုလုပ်ကာ ဖမ်းဆီးသွားသော ပြည်သူ ၂၉ ဦးတွင် မသက်မပြည့်သေးသည့် လူငယ်မှလွဲ၍ အားလုံးကို အမှုဖွင့်ထားကြောင်းသိရသည်။

မမုံကျေးရွာတွင် မေလ ၂၄ရက်နေ့ ညပိုင်းက လုံခြုံရေးကင်းစောင့်ပေးနေသော လူငယ်များနှင့် လမ်းသွားလမ်းလာ ရေမဆေးကျောက်ရှာသူများအပါအဝင် ၂၉ ဦးကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် မေလ ၂၆ရက်နေ့က ပုဒ်မတပ်ကာ အမှုဖွင့်ထားကြောင်း ဒေသခံများထံမှသိရသည်။
အသက်မပြည့်သေးသော လူငယ်တစ်ဦးမှလွဲ၍ ဖမ်းဆီးခံခဲ့ရသော ပြည်သူ ၂၉ဦးတွင် ငါးဦးကို ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ထားပြီး ၂၃ ဦးကို ပုဒ်မ ၁၈၈ဖြင့် အမှုဖွင့်ထားကြောင်း ဖမ်းခံရသူများ ပြန်လွတ်ရန် ကူညီပေးနေသည့် အမည်မဖော်လိုသူ ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“အသက်မပြည့်တဲ့တစ်ယောက်ကိုက နောက်တစ်ခါ ညဘက် အဲ့လိုတွေ မထွက်ပါဘူးဆိုတဲ့ ခံဝန်နဲ့ မိဘဆီပြန်အပ်လိုက်ပြီ။ ဒီပုဒ်မက အာမခံပေးလို့ရတဲ့ အမှုမို့ အာမခံပေးလိုက်တာ။ သူတို့ကအိမ်ကနေ အမှုရင်ဆိုင်ရမှာ” ဟုပြောသည်။
ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်ခံရသူများသည် အသက် ၁၆နှစ်အရွယ် နေလင်းအောင်(ခ)တရုတ်ကြီးနှင့် ဇာနည်ထွန်း (ခ) အာဇာနည်၊ အသက် ၂၀နှစ်အရွယ် မျိုးမင်းကျော်(ခ)ဖိုးစီ ၊ အသက် ၃၆ နှစ်အရွယ် ဦးကျော်မျိုးလွင် ၊ အသက် ၄၇ နှစ်အရွယ် ဦးလာဘတို့ဖြစ်သည်။

ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ သတင်းပေး (ဒလန်) များကြောင့် နေအိမ်အတွင်း ဝင်ရောက်ရှာဖွေမှုများ၊ လိုက်လံ ဖမ်းဆီးမှုများလည်း ပြုလုပ်လျက်ရှိသည်။

သင့်ထင်မြင်ချက်ရေးပေးပါ