Month: May 2021

LGBT လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦး ပထမဆုံးအကြိမ်အဖြစ် ပြည်ထောင်စုဝန်ကြီးဖြစ်လာ

ဦးအောင်မျိုးမင်းကို လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်လိုက်သဖြင့် မြန်မာ့သမိုင်းတွင် LGBT လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦး ပထမဆုံးအကြိမ်အဖြစ် ပြည်ထောင်စုဝန်ကြီးတစ်ပါးဖြစ်လာသည်။

အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးဒေါ်ခေါင်နောဆိုတာ ဘယ်သူလဲ

အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခံရသည့် ဒေါ်ခေါင်နောသည် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်ပြီး လူ့အခွင့်အရေးကာကွယ်သည့် အဖွဲ့တစ်ခုဖြစ်သည့် Civil Rights Defender တွင် အစီအစဉ်မန်နေဂျာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

မိုးကောင်းမြို့နယ် လက်ထောက်ပညာရေးမှူးကို ၅၀၅-က ဖြင့် အမှုဖွင့်

မိုးကောင်းမြို့ လက်ထောက်ပညာရေးမှူး ဒေါ်ချောစုထွေးကို CDM လှုပ်ရှားမှုတွင် ပါဝင်သောကြောင့် စစ်ကောင်စီက ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ထားသည်ဟု မေလ ၂ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင်...

ဗန်းမော်မြို့မှ အမျိုးသားတစ်ဦးကို စစ်ကောင်စီက နေအိမ်မှ အကြမ်းဖက်ရိုက်နှက်ဖမ်းဆီး

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှ အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက မေလ ၂ ရက်နေ့တွင် ထိုးကြိတ်ကာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။

မိုးမောက်မြို့နယ်တွင် စစ်ကောင်စီက လက်နက်ကြီးရမ်းသမ်းပစ်ခတ်သဖြင့် သုံးဦးသေဆုံ

မိုးမောက်မြို့နယ်တွင် ကုန်းလောကျေးရွာတွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်သောကြောင့် ဦးဇင်းတစ်ပါးပျံလွန်တော်မူပြီး အမျိုးသားတစ်ဦးနှင့် ၄၀ နှစ်အရွယ်အမျိုးသမီးကျဆုံးသွားသည့်အပြင် အခြားကိုးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။