မိုးကောင်းမြို့နယ် လက်ထောက်ပညာရေးမှူးကို ၅၀၅-က ဖြင့် အမှုဖွင့်
မိုးကောင်းမြို့ လက်ထောက်ပညာရေးမှူး ဒေါ်ချောစုထွေးကို CDM လှုပ်ရှားမှုတွင် ပါဝင်သောကြောင့်
စစ်ကောင်စီက ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ထားသည်ဟု
မေလ ၂ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

 

May be an image of 1 person and text

မေလ ၂ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဒေါ်ချောစုထွေး စစ်အာဏာရှင်ဆန့်ကျင် သပိတ်တွင်ပါဝင်နေသည့် ဓာတ်ပုံကိုလည်း ဖော်ပြထားသည်။
စစ်ကောင်စီက ပညာရေးဝန်ထမ်း ၁၀ ဦးကို ၅၀၅-က ဖြင့် အမှုဖွင့်ထားခြင်းဖြစ်ပြီး
ဒေါ်ချောစုထွေးအပြင် မန္တလေးတိုင်းမှ ဦးဟေမန်ထွန်း၊ ဦးကျော်ဆွေ၊ ဦးနေစိုးအောင်၊
ဦးမင်းညွန့်၊ ပဲခူးတိုင်းမှ ဒေါ်မြင့်မြင့်ရီ၊ ဦးဇော်လင်းထွန်း၊ စစ်ကိုင်းတိုင်းမှ ဦးအောင်နိုင်ဝင်း၊
နေပြည်တော်ကောင်စီနယ်မြေမှ ဦးကျော်စိုးမိုးနှင့် ကျိုက်ထိုမြို့ မွန်ပြည်နယ်မှ ဒေါ်ခင်ငြိမ်းချမ်း တို့ ပါဝင်သည်။
ဧပြီလအတွင်း ရာဇသတ်ကြီးပုဒ်မ ၅၀၅- က ဖြင့် ကချင်ပြည်နယ်မှ
အမှုဖွင့်ခံရသူ ဆရာဝန် ၈ ဦး နှင့် ကျောင်းဆရာတစ်ဦးတို့ကို အမှုဖွင့်ထားသည်။
သင့်ထင်မြင်ချက်ရေးပေးပါ