မိုးမောက်မြို့နယ်တွင် စစ်ကောင်စီက လက်နက်ကြီးရမ်းသမ်းပစ်ခတ်သဖြင့် သုံးဦးသေဆုံး
မိုးမောက်မြို့နယ်တွင် ကုန်းလောကျေးရွာတွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်
ရမ်းသမ်းပစ်ခတ်သောကြောင့် ဦးဇင်းတစ်ပါးပျံလွန်တော်မူပြီး အမျိုးသားတစ်ဦးနှင့် ၄၀ နှစ်အရွယ်အမျိုးသမီးကျဆုံးသွားသည့်အပြင်
အခြားကိုးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

မိုးမောက်မြို့နယ်တွင် စစ်ကောင်စီက လက်နက်ကြီးရမ်းသမ်းပစ်ခတ်သဖြင့် သုံးဦးသေဆုံး

 

စစ်ကောင်စီက ယနေ့နံနက် ၁၀ နာရီခွဲဝန်းကျင်တွင် ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီးကျည်ဆံများသည်
ကုန်းလော ဘုန်းကြီးကျောင်းတွင် ကျရောက်ခဲ့ပြီး ဦးဇင်းတစ်ပါးပျံလွန်ကာ ၄၀ နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် ၆၀ နှစ်ဝန်းကျင်ရှိသည့်
အမျိုးသားတစ်ဦး ကျဆုံးကြောင်း ဒေသခံတွေက The 74 Media ကိုပြောသည်။
” ဦးဇင်းနာမည်က ဦးကေတလဟုတ်တယ်။ အသက် ၆၀ ဝန်းကျင်ရှိတဲ့ ဦးလောဆမ်နဲ့ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦး။ လောလောဆယ် ၃ ယောက်ဆုံးပြီ။
ထိခိုက်တာတော့ ၉ ယောက်လောက်ရှိတယ် ” ဟုပြောသည်။
၎င်းလက်နက်ကြီးများသည် မိုးမောက်မြို့ရှိ ခမရ ၄၃၇ မှပစ်ခတ်ခြင်းဖြစ်သည်ဟု ကေအိုင်အေ အဆင်မြင့် အရာရှိတစ်ဦးက The 74 Media ကိုပြောသည်။
မိုးမောက်မြို့နယ် ကုန်းလောကျေးရွာအနီး ကေအိုင်အေနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲပြင်းထန်သဖြင့်
ရွာသားများက ဘုန်းကြီးကျောင်းတွင် သွားရောက်ခိုလှုံနေစဉ် လက်နက်ကြီးထိမှန်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီမှ မေလ ၁ ရက်နေ့မှစ၍ အပစ်ခတ်ရပ်စဲမည်ဟု ထုတ်ပြန်ထားသော်လည်း ဗန်းမော်မြို့နှင့် မိုးမောက်မြို့နယ်တွင်
ရဟတ်ယာဉ်များ၊ တိုက်လေယာဉ်များနှင့် လက်နက်ကြီးများဖြင့် နေ့စဉ် ပစ်ခတ်နေဆဲဖြစ်သည်။
သင့်ထင်မြင်ချက်ရေးပေးပါ