ဗန်းမော်မြို့မှ အမျိုးသားတစ်ဦးကို စစ်ကောင်စီက နေအိမ်မှ အကြမ်းဖက်ရိုက်နှက်ဖမ်းဆီး
ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှ အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက
မေလ ၂ ရက်နေ့တွင် ထိုးကြိတ်ကာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။
ဗန်းမော်မြို့မှ အမျိုးသားတစ်ဦးကို စစ်ကောင်စီက နေအိမ်မှ အကြမ်းဖက်ရိုက်နှက်ဖမ်းဆီး

ဖမ်းဆီးခံရသူမှာ ကိုကြီး ခေါ် သားကြီး ဆိုသူဖြစ်ပြီး ဆန္ဒပြရာတွင် ဦးဆောင်သူအဖြစ်
စစ်ကောင်စီတပ်ဖွဲ့ဝင်များက စွပ်စွဲကာ ထိုးကြိတ်ဖမ်းဆီး ခေါ်ဆောင်သွားခြင်းဖြစ်သည်။
ထိုသူအား ညောင်ပင်ရပ်နှင့် မင်းကျောင်းကုန်းရပ်ကွက်ရှိ သပိတ်များကို ဦးဆောင်သည်ဟုဆိုကာ
ဖမ်းဆီးသွားပြီး လက်ရှိအချိန်တွင် ရာဇသတ်ကြီး ပုဒ်မ ၅၀၅- က ဖြင့် အမှုဖွင့်ထားသည်။
သင့်ထင်မြင်ချက်ရေးပေးပါ