LGBT လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦး ပထမဆုံးအကြိမ်အဖြစ် ပြည်ထောင်စုဝန်ကြီးဖြစ်လာ
ဦးအောင်မျိုးမင်းကို လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်လိုက်သဖြင့်
မြန်မာ့သမိုင်းတွင် LGBT လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦး ပထမဆုံးအကြိမ်အဖြစ် ပြည်ထောင်စုဝန်ကြီးတစ်ပါးဖြစ်လာသည်။

LGBT လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦး ပထမဆုံးအကြိမ်အဖြစ် ပြည်ထောင်စုဝန်ကြီးဖြစ်လာ

 

ဦးအောင်မျိုးမင်းသည် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များကို
အစဉ်တစိုက်ပြုလုပ်နေသည့် Equality Myanmar အဖွဲ့၏ အလုပ်အမှုဆောင်ညွှန်ကြားရေးမှူးတစ်ဦးဖြစ်သည်။
၁၉၈၈ ခုနှစ်တွင် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်ပြီး ဒီမိုကရေစီလှုပ်ရှားမှုတွင်
ပထမဆုံးလိင်တူစုံမက်သူအဖြစ် တရားဝင်ထုတ်ဖော်ပြောဆိုခဲ့သူဖြစ်သည်။
ဝန်ကြီးသည် နယူးယောက်မြို့ရှိ ကိုလမ်ဘီယာတက္ကသိုလ်တွင် လူ့အခွင့်အရေးဘာသာရပ်ကို တက်ရောက်သင်ယူခဲ့ပြီး
၁၉၉၃ ခုနှစ်တွင် ထိုင်း – မြန်မာနယ်စပ်သို့ ပြန်လည်ရောက်ရှိလာကာ လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များကို တစ်စိုက်မတ်မတ်လုပ်ဆောင်ခဲ့သည်။
၁၉၉၀ နှစ်များအတွင်း အမျိုးသားညွှန့်ပေါင်းအစိုးရ (NCGUB) နှင့်အတူ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များကို တိုက်တွန်းနှိုးဆော်ခဲ့ပြီး
Human Rights Education Institute of Burma (HREIB) ကို တည်ထောင်ခဲ့သည်။ HREIB ကို မြန်မာနိုင်ငံတွင် Equality Myanmar ဟု ပြောင်းလဲခဲ့သည်။
ဦးအောင်မျိုးမင်းသည် လူ့အခွင့်အရေးနှင့် LGBT အခွင့်အရေးများကို စွမ်းစွမ်းတမံလုပ်ဆောင်ခဲ့သဖြင့်
၂၀၁၇ ခုနှစ်တွင် Schuman Award၊ Celebration of Courage နှင့် Felipa de Souza Award တို့ကို ပေးအပ်ချီးမြင့်ခံခဲ့ရသည်။
ဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခံရသည်နှင့်ပတ်သက်ပြီး “တာဝန်ကျေရပါ့စေမယ်။ လူ့အခွင့်အရေးအတွက်
ပူးပေါင်းလက်တွဲသွားကြပါစို့။” ဟု သူ၏ဖေ့စ်ဘုတ်လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
ဝန်ကြီးဦးအောင်မျိုးမင်း၏ ဖေ့စ်ဘုတ်လူမှုကွန်ရက်စာမျက်နှာကို အောက်တွင် တွေ့နိုင်ပါသည်။
သင့်ထင်မြင်ချက်ရေးပေးပါ