ဒုတိယဝန်ကြီးဒေါ်ခေါင်နော
အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခံရသည့် ဒေါ်ခေါင်နောသည်
လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်ပြီး လူ့အခွင့်အရေးကာကွယ်သည့် အဖွဲ့တစ်ခုဖြစ်သည့်
Civil Rights Defender တွင် အစီအစဉ်မန်နေဂျာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ဒုတိယဝန်ကြီးဒေါ်ခေါင်နော

 

လူငယ်ခေါင်းဆောင်များကို ရွေးချယ်မွေးထုတ်ပေးသည့် Obama Foundation Leaders အာရှပစိဖိတ်အစီအစဉ်တွင် ပါဝင်ခဲ့သည်။
မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များတွင် နိုင်ငံတကာအတွေ့အကြုံများစွာရှိသူဖြစ်ပြီး မြန်မာနိုင်ငံ၏တိုင်းရင်းသားရေးရာကဏ္ဍ၊
ငြိမ်းချမ်းရေးနှင့် ပဋိပက္ခဆိုင်ရာဆောင်းပါးများစွာကို နိုင်ငံတကာအင်တာနက်စာမျက်နာများတွင် ရေးသားထုတ်ဝေခဲ့သူဖြစ်သည်။
ဩဇာတိက္ကမကြီးမားသည့် Foreign Policy၊ London School of Economics ၏ blog စာမျက်နှာများအပြင် National Post နှင့် မြန်မာနိုင်ငံအခြေစိုက် ဧရာဝတီမဂ္ဂဇင်းတို့တွင်
တိုင်းရင်းသားရေးရာ၊ လက်နက်ကိုင်ပဋိပက္ခနှင့် လူ့အခွင့်အရေးအကြောင်းအရာများကို အစဉ်တစိုက် ထောက်ပြရေးသားခဲ့သူဖြစ်သည်။
သူမ၏ တွီတာလူမှုကွန်ရက်စာမျက်နှာကို အောက်ပါလင့်ခ်တွင် တွေ့နိုင်ပါသည်။
သင့်ထင်မြင်ချက်ရေးပေးပါ