Multimedia

မြစ်ကြီးနားမြို့ ရှမ်းစုဗလီတွင် ကြက်ဥနှင့် ကိုဗစ် ၁၉ ဆိုင်ရာ ဆက်စပ်ပစ္စည်းများ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးမည်

မြစ်ကြီးနားမြို့ ရှမ်းစုမြောက်ရပ်ကွက်ရှိ စွန္နီဂျာမေဗလီတွင် ဩဂုတ်လ ၁၅ရက်နေ့၊ နံနက် ကိုးနာရီမှ စတင်ပြီး အောက်စီမီတာ၊ ဖလိုးမီတာနှင့် ကြက်ဥများကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးသွားမည်ဟု သိရသည်။

ဝိုင်း​မော် ခ.လ.ရ (၅၈) စစ်တပ်အနီးရှိ မဒိန်​ကျေးရွာမှ ပြည်သူအချို့ ထွက်​ပြေးတိမ်း​ရှောင်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် စစ်​ကောင်စီတပ် ခ.လ.ရ (၅၈) အ​ခြေစိုက်ထားသည့် မဒိန်ကျေးရွာမှ ​ပြည်သူအချို့သည် ​ကျေးရွာကိုစွန့်ခွာ၍ ထွက်​ပြေးတိမ်း​​ရှောင်သွား​ကြောင်းသိရသည်။

မံစီတွင် မိုင်းနင်းမိသူတစ်ဦး ခွဲစိတ်ရန်ခက်ခဲနေသဖြင့် အသက်အန္တရာယ်စိုးရိမ်ရ

ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ မန့်မိုင်ကျေးရွာအနီးတွင် ယနေ့ ဩဂုတ်လ ၁၄ ရက် နံနက် ၁၁ နာရီဝန်းကျင်ခန့်က မြေမြုပ်မိုင်းနင်းမိသည့် အမျိုးသားတစ်ဦးခွဲစိတ်မှုပြုလုပ်ရန် အခက်အခဲဖြစ်နေကြောင်း သိရသည်။

စစ်ကောင်စီတပ် ခ.လ.ရ (၅၈) က ပစ်ခတ်သတ်ဖြတ်ခဲ့သည့် အမျိုးသမီးကို ယနေ့သဂြိုလ်

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အခြေစိုက် ခြေလျင်တပ်ရင်း (ခ.လ.ရ) (၅၈)မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် သေဆုံးသူ အမျိုးသမီး၏ ရုပ်အလောင်းကို ယနေ့ မွန်းလွဲ ၁ နာရီခွဲခန့်က ဝိုင်းမော်မြို့...

ဝိုင်းမော်-ဝါးရှောင်ကားလမ်းမကြီးတွင် ရေကြီးနေ

ကချင်ပြည်နယ် ဝိုင်းမော် – ဝါးရှောင်လမ်းမကြီးပေါ်ရှိ ဝူယန်ကျေးရွာနှင့် လမြန်ကျေးရွာကြားရှိ နိမ့်လုံချောင်းတွင် ရေကြီးရေလျှံ့မှုဖြစ်ပေါ်နေကြောင်း ဖြတ်သန်းသွားလာခဲ့သူတစ်ဦးကပြောသည်။

ဝိုင်းမော်အခြေစိုက် ခ.လ.ရ (၅၈) တပ်၏ ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မဒိန်ကျေးရွာတွင် ယနေ့ညနေ ၅ နာရီကျော်ခန့်က ခလရ ၅၈ တပ်မှ စစ်သားများ ပစ်ခတ်မှုကြောင့် ဝူယန်မှ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကြောင်းသိရသည်။ စစ်တပ်ရှေ့မှ ဖြတ်သွားသော...

မဂါးယန်စစ်ရှောင်စခန်းတွင် မြေပြိုမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးကာ လူနေအိမ် ၁၅ လုံး ပျက်စီး

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်ရာ ဒေသအတွင်းရှိ မဂါးယန် စစ်ရှောင်စခန်းတွင် ယနေ့ နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းခဲ့ပြီးနောက် မြေပြိုကျခဲ့သောကြောင့် အမျိုးသမီးတစ်ဦးသေဆုံးကာ လူနေအိမ် ၁၅ လုံး ပျက်စီးသွားကြောင်းသိရသည်။