စစ်ကောင်စီတပ် ခ.လ.ရ (၅၈) က ပစ်ခတ်သတ်ဖြတ်ခဲ့သည့် အမျိုးသမီးကို ယနေ့သဂြိုလ်

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အခြေစိုက် ခြေလျင်တပ်ရင်း (ခ.လ.ရ) (၅၈)မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် သေဆုံးသူ အမျိုးသမီး၏ ရုပ်အလောင်းကို ယနေ့ မွန်းလွဲ ၁ နာရီခွဲခန့်က ဝိုင်းမော်မြို့ ဝူယန် ခရစ်ယာန်သင်္ချိုင်းတွင် သင်္ဂြိုလ်ခဲ့ကြောင်းသိရသည်။

စစ်ကောင်စီတပ် ခ.လ.ရ (၅၈) က ပစ်ခတ်သတ်ဖြတ်ခဲ့သည့် အမျိုးသမီးကို ယနေ့သဂြိုလ်

 

ဝိုင်းမော်မြို့ မဒိန်ကျေးရွာအခြေစိုက် ခ.လ.ရ (၅၈) တပ်ရှေ့ ဖြတ်စဉ် ပစ်သတ်ခံခဲ့ရသော အသက် ၃၃ နှစ်အရွယ် ဒေါ်လာငွါးလန်းပြုံး၏ ရုပ်အလောင်းကို မွန်းတည့် ၁၂ နာရီခွဲခန့်တွင် ပြန်လည်ရရှိခဲ့ပြီး အလောင်းကိုရင်ခွဲထားသည်ဟု နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။
“ ဒီနေ့ ၁၂ ခွဲမှ အလောင်းရတာ ၁ နာရီခွဲမှာ မြှုပ်လိုက်တယ်။ ရင်ဘတ်ခွဲထားတယ်။ စ ဖြစ်ချိန်က မယူခိုင်းဘူး၊ အလောင်းကိုမယူနဲတော့ ကောက်ရဲရင် ကောက်ကြည့်လိုက်လို့က ပြောတယ်။ အလောင်းကိုအမြန်ယူခိုင်းရင် အသက်ရှင်မလားတောင် မသိဘူး” ဟုသူကပြောသည်။
သေဆုံးသူ အမျိုးသမီးသည် သားနှစ်ဦး၏ မိခင်ဖြစ်ပြီး တောင်ယာလုပ်ငန်း လုပ်ကိုင်ကာ အသက်မွေးဝမ်းကြောင်း ပြုနေသူဖြစ်သည်ဟု သူကဆက်ပြောသည်။

စစ်ကောင်စီတပ်ရင်း ခ.လ.ရ (၅၈) တွင် ဇူလိုင်လကုန်ခန့်မှစတင်ကာ တိုက်ပွဲများမကြာခဏဖြစ်ပွားနေပြီ ဇူလိုင် ၂၉ ရက်နေ့ ည က စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ကုမ္ပဏီလုပ်သားတစ်ဦး လက်နက်ကြီးစ ထိမှန်သေဆုံးခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ