မံစီတွင် မိုင်းနင်းမိသူတစ်ဦး ခွဲစိတ်ရန်ခက်ခဲနေသဖြင့် အသက်အန္တရာယ်စိုးရိမ်ရ

ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ မန့်မိုင်ကျေးရွာအနီးတွင် ယနေ့ ဩဂုတ်လ ၁၄ ရက် နံနက် ၁၁ နာရီဝန်းကျင်ခန့်က မြေမြုပ်မိုင်းနင်းမိသည့် အမျိုးသားတစ်ဦးခွဲစိတ်မှုပြုလုပ်ရန် အခက်အခဲဖြစ်နေကြောင်း သိရသည်။

မံစီတွင် မိုင်းနင်းမိသူတစ်ဦး ခွဲစိတ်ရန်ခက်ခဲနေသဖြင့်  အသက်အန္တရာယ်စိုးရိမ်ရ

 

မြေမြုပ်မိုင်းနင်းမိသူသည် ပေါင်၊ ခြေထောက်နှင့် နားရွက်တွင် ထိခိုက်မိပြီး ခွဲစိတ်ရန် အခက်အခဲဖြစ်နေ‌ေသာ‌ေကြာင့် အသက်အန္တရာယ်စိုးရိမ်နေရသည်ဟု ခိုင်မာသောသတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။
“သူ့ရဲ့နားရွက်အောက်ရယ် ပြီးတော့ ပေါင်နဲ့ ခြေထောက်ထိသွားတယ်။ အရမ်းစိုးရိမ်နေရတယ်။ နမ့်ခမ်းဆေးရုံက ခွဲမပေးဘူးတဲ့။ ခွဲလို့မရလို့ပါတဲ့။ နားရွက်နားမှာဆိုတော့ဦးနှောက်ထဲခွဲရမယ်လို့ပြောတာပဲ” ဟုသူကပြောသည်။
မြေမြုပ်မိုင်းနင်းမိသူသည် မန့်မိုင်ကျေးရွာမှ ဦးမောင်ရီ (ခ) ဦးစိုင်းယီ အသက် ၃၈ နှစ်ဖြစ်ပြီး မျှစ်သွားရှာစဉ် မြေမြုပ်မိုင်းနင်းမိခြင်းဖြစ်ကြောင်း သူကဆက်ပြောသည်။

မံစီမြို့နယ်၊ နမ့်မဖွဲ ကျေးရွာအုပ်စု၊ မိတုံကုန်းကျေးရွာတွင်လည်း ဩဂုတ်လ ၆ ရက် မွန်းလွှဲ ၂ နာရီခွဲခန့်က မိုင်းနင်းမိ၍ ယောကျာ်းလေးတစ်ဦး သေဆုံးခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ