Breaking News 47 Media

ကချင်ပြည်နယ် ၊ မြစ်ကြီးနား မြို့တွက် ယနေ့ နံနက် ၁၀ နာရီ၄၀ မိနစ်ခန့်တွင် ပေါက်ကွဲသံ ၃ ကြိမ် ကြားရကြောင်း သိရသည်။

မြစ်ကြီးနားမြို့ ဒူကထောင်ရပ်ကွက်မှ ပြည်သူတစ်ဦးက အလွန်ကျယ်​လောင်​သော ​​ပေါက်ကွဲသံဖြစ်​ကြောင်း The 74 Media ကိုပြောသည်။

“မြစ်ကြီးနားမှာ အိမ်ထဲနေရင်းနဲ့ကြားရတာ အကျယ်ကြီးပဲ ဆက်တိုက်ကြားရတာ၊ နန်းကွေ့ဘက်လား ဝိုင်းမော်ဘက်လား မသိဘူး။ ​​​မြေကြီး​တောင်တုန်သွားတယ်” ဟု သူကပြောသည်။
တပ်ကုန်းရပ်ကွက်မှ ပြည်သူတစ်ဦးကလည်း ​”ပေါက်ကွဲသံအကျယ်ကြီးပဲ၊ ၃ချက်၊ မြေကြီး​တောင်​တုန်သွားတယ်”ဟုဆိုသည်။
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ခ.လ.ရ (၃၇) မှ ထွက်​ပေါ်လာ​သော ​ပေါက်ကွဲသံများ (သို့မဟုတ်) နန်း​ကွေ့​ကျေးရွာအနီးမှ ထွက်​​ပေါ်လာ​သော ​​ပေါက်ကွဲသံများဟု ​မြို့ခံများ ပြောဆို​နေကြ​သည်။
အဆိုပါ​ပေါက်ကွဲသံသည် ဝိုင်း​မော်မြို့အနီးရှိ ခလရ (၅၈) တပ်မှ ထွက်​ပေါ်လာ​သော အသံမဟုတ်​ကြောင်း ဝိုင်း​မော်မြို့ခံတစ်ဦးကဆိုသည်။

ယခု ပေါက်ကွဲမှုနှင့်ပတ်သက်ပြီး သတင်းအချက်အလက်ကို The 74 Media မှ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ