ဝိုင်းမော်-ဝါးရှောင်ကားလမ်းမကြီးတွင် ရေကြီးနေ

ကချင်ပြည်နယ် ဝိုင်းမော် – ဝါးရှောင်လမ်းမကြီးပေါ်ရှိ ဝူယန်ကျေးရွာနှင့် လမြန်ကျေးရွာကြားရှိ နိမ့်လုံချောင်းတွင် ရေကြီးရေလျှံ့မှုဖြစ်ပေါ်နေကြောင်း ဖြတ်သန်းသွားလာခဲ့သူတစ်ဦးကပြောသည်။

ဝိုင်းမော်-ဝါးရှောင်ကားလမ်းမကြီးတွင် ရေကြီးနေ

 

“ကားလမ်းက ချောင်းဘေးဆိုတော့ တောင်ကျချောင်းရေလျှံတာ။ ကားအမြင့်တော့ သွားလို့ရသေးတယ်။ ဆိုင်ကယ် တချို့ဆင်းတွန်းကြတယ်။ ရေပြင်က ၃ /၄ ဧက လောက်ရှိမယ်”ဟု ဆိုသည်။
ကချင်ပြည်နယ်တွင် ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့သောကြောင့် နေရာဒေသအချို့တွင် ရေကြီးရေလျှံ့မှုဖြစ်ကာ လမ်းနှင့်တံတားများ ပျက်စီးခြင်၊ ရေနှစ်မြှုပ်ခြင်းများဖြစ်ပေါ်နေသည်။

Photo : CJ

သင့်ထင်မြင်ချက်ရေးပေးပါ