Month: May 2023

တိုက်ပွဲပြင်းထန်နေသည့် အင်းတော်မြို့နယ်တွင် စစ်ကောင်စီတပ်က လေကြောင်းမှတိုက်ခိုက်

စစ်ကောင်စီတပ်နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေသည့် စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်တွင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု

ဖားကန့်တွင် တည်းခိုခန်းတစ်ခု ဝင်ရောက်စီးနင်းခံရပြီး အမျိုးသားငါးဦးထက်မနည်းဖမ်းဆီးခံရ

လုံးခင်းကျေးရွာရှိ တည်းခိုခန်းတစ်ခုကို ယနေ့နံနက် ၄ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်စီးနင်းပြီး အမျိုးသားငါးဦးထက်မနည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။

မြစ်ကြီးနားတွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသားတစ်ဦး မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်တွင် ယနေ့မွန်းတည့် ၁၂ နာရီခန့်က သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း သိရသည်။

ဖားကန့်တွင် နှိပ်စက်သတ်ဖြတ်ခံရသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့

မျက်လုံးကိုတိပ်ဖြင့်ပိတ်ထားပြီး သေနတ်ဖြင့် ပစ်သတ်ခံထားရသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို ယနေ့နံနက် ၅ နာရီခန့်က ဖားကန့်မြို့ မမုံစံပြကျေးရွာအနီးတွင် တွေ့ရှိခဲ့ကြောင်း သိရသည်။

ကရင်နီတွင်ဖြစ်ပွားသည့် ၁၀ ရက်ကြာတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ သေဆုံးပြီး လက်နက်အများအပြားသိမ်းဆည်းရမိ

စစ်ကောင်စီပူးပေါင်းတပ်နှင့် ကရင်နီပြည်နယ် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ကြား ၁၀ ရက်ကြာ ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ခန့်သေဆုံးပြီး လက်နက်ခဲယမ်းအများအပြား

ဖားကန့်တွင် မိုးကြိုးပစ်သဖြင့် နှစ်ဦးသေ

မိုးသက်လေပြင်းကျရောက်ပြီး မိုးကြိုးပစ်သဖြင့် ဖားကန့်မြို့နယ် လုံးခင်းအုပ်စုတွင် ယနေ့နံနက် ၁၀ နာရီခန့်က အမျိုးသားနှစ်ဦးသေဆုံးခဲ့ပြီး သစ်ပင်နှင့် ဓါတ်တိုင်များလဲကျခဲ့ကြောင်း သိရသည်။

PDF များအလင်းဝင်ရန်ဖိတ်ခေါ်သည့်စာပေါ်တွင် စစ်ကောင်စီတပ်များအလင်းဝင်ရန် စာထပ်ကပ်

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အလင်းဝင်ရန်ဖိတ်ခေါ်သည့် ဆိုင်းဘုတ်ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အလင်းဝင်ရန် ဖိတ်ခေါ်သည့်စာကို မိုးကောင်း KPDF တပ်ဖွဲ့ဝင်များထပ် ကပ်ထားကြောင်း သိရသည်။

မြစ်ကြီးနားတွင် အမျိုးသားတစ်ဦးတည်းဆိုင်ကယ်စီးလာစဉ် ဓားထိုးလုယက်မှုဖြစ်ပွား

အမျိုးသားတစ်ဦးတည်းဆိုင်ကယ်စီးလာသူကို ဓားထိုးဆိုင်ကယ်လုယက်မှုတစ်ခု ယမန်နေ့ည ၇ နာရီခန့်က မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်တွင် ဖြစ်ပွားခဲ့ကြောင်းသိရသည်။

အင်းတော်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များကြားတိုက်ပွဲပြင်းထန်

စစ်ကောင်စီတပ်နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်တွင် နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဒီးမော့ဆိုတွင် တစ်ပတ်အတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင် ငါးဦးထက်မနည်းကျဆုံး

စစ်ကောင်စီတပ်နှင့် ဒီးမော့ဆိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တစ်ပါတ်တာအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ဖွဲ့ဝင်လေးဦးနှင့် ကရင်နီတပ်မတော် (KA) တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ကြောင်းသိရသည်။

လူမြင်ကွင်းတွင် ပေါ်တင်ဖွင့်လှစ်ထားသည့် လောင်းကစားဝိုင်းကို မိုးကောင်းဒေသခံများကန့်ကွက်၊ ရဲတပ်ဖွဲ့ကို တိုင်ကြားသော်လည်း အရေးမယူပေးဟုဆို

လူမြင်ကွင်းတွင် ပေါ်တင်ဖွင့်လှစ်ထားသည့် လောင်းကစားဝိုင်းကို မိုးကောင်းဒေသခံများ အမြန်ဆုံးပိတ်သိမ်းစေချင်နေကြောင်း ဒေသခံများထံမှ သိရသည်။

ဝိုင်းမော်တွင် စစ်ကောင်စီပူးပေါင်းတပ်နှင့် KIA တိုက်ပွဲဖြစ်ပွား

ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် စစ်ကောင်စီ၊ လီဆူပြည်သူ့စစ်ပူးပေါင်းတပ်တို့ကြား ဝိုင်းမော်မြို့နယ် ဆဒုံးမြို့အဝင်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး လီဆူပြည်သူ့စစ်တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။