Month: September 2021

မုံရွာတွင် ယာဉ်ထိန်းရဲတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ပြည်ထောင်စုလမ်းနှင့် မြို့ပတ်လမ်း မီးပွိုင့်တွင် ယနေ့ စက်တင်ဘာလ ၂၂ ရက်နေ့ နံနက်တွင် ယာဉ်ထိန်းရဲတစ်ဦး ပစ်သတ်ခံရကြောင်း သိရသည်။

သုံးပတ်တာကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀၀ ကျော် သေဆုံးကြောင်း NUG ထုတ်ပြန်

မြန်မာနိုင်ငံအနှံ့တွင် စက်တင်ဘာလ ၁ ရက်နေ့မှ ၂၀ ရက်နေ့အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲနှင့် ပဋိပက္ခများတွင် စစ်ကောင်စီ ၄၄၅ ဦးခန့်သေဆုံးကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ...

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာတွင် Mytel တာဝါတိုင်မိုင်းခွဲဖျက်ဆီးခံရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ဆိုင်းရာကျေးရွာတွင် ယမန်နေ့ စက်တင်ဘာလ ၂၁ ရက်နေ့ ၊ ည ၇ နာရီခွဲခန့်က Mytel တာဝါတိုင် မိုင်းခွဲဖျက်ဆီးခံရကြောင်း...

ကေအိုင်အေနှင့် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီအလောင်းအများအပြား ဒေသခံများ၏ စိုက်ခင်းတွင်လာမြုပ်ထား

ကချင်ပြည်နယ် ပူတာအိုခရိုင် လုံရှာယာန်ကျေးရွာအုပ်စု တန်ဂျာကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ကေအိုင်အေအကြား တိုက်ပွဲဖြစ်ပွားပြီးနောက် ဒေသခံတို့၏ စိုက်ခင်းများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အလောင်းများကို လာရောက်မြုပ်နှံထားကြောင်း သိရသည်။

Mytel ကချင်ပြည်နယ်ရုံးခွဲ ဗုံးခွဲတိုက်ခိုက်ခံရ

မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်၊ အင်ဂျန်ဒုံတောင် ဆွမ်ပရာဘွမ်လမ်းမကြီးပေါ်ရှိ Mytel (ကချင်ပြည်နယ်ရုံးခွဲ) တွင် ယ​နေ့ည ၇ နာရီ ၃၀ မိနစ်အချိန်တွင် ဗုံးခွဲတိုက်ခိုက်ခံခဲ့ရကြောင်းသိရသည်။

ထန်တလန်မြို့နယ်မှ စစ်ရှောင်ပြည်သူများ စားနပ်ရိက္ခာ အခက်အခဲဖြစ်နေ

ချင်းပြည်နယ် ထန်တလန်မြို့နယ်တွင် စက်တင်ဘာ ၁၈ ရက်နေ့က CDFနှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားပြီးနောက် တိမ်းရှောင်ခဲ့သည့် ဒေသခံပြည်သူများသည် စာနပ်ရိက္ခာနှင့် ကျန်းမာရေးအတွက် အခက်အခဲများနှင့် ကြုံနေရကြောင်း သိရသည်။

တစ်နိုင်ငံလုံးရှိ PDF တပ်ဖွဲ့ဝင်များကို လက်နက်တပ်ဆင်ပေးရန် ပြင်ဆင်နေကြောင်း NUG သယံဇာတဝန်ကြီးပြော

တစ်နိုင်ငံလုံးရှိ မြို့နယ် ၃၃၀ မြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ဖွဲ့ဝင်များကို လက်နက်တပ်ဆင်ပေးရန် ပြင်ဆင်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၏ သယံဇာတဝန်ကြီးက သူ၏ ဖေ့ဘုတ်လူမှုကွန်ယက်စာမျက်နှာမှတဆင့် ပြောကြားလိုက်သည်။

မိုးမောက်မှ စစ်ကောင်စီစစ်ကား ၂၇ စီး ကေအိုင်အေတပ်စခန်းရှိရာဘက်သို့ ထွက်ခွာ

ကချင်ပြည်နယ် မိုးမောက်မြို့နယ်မှထွက်ခွာလာသော စစ်ကောင်စီ၏ ရိက္ခာသယ်ယာဉ်တန်းတစ်ခု ယနေ့နံနက် ၁၀ နာရီဝန်းကျင်ခန့်က ဒေါ့ဖုန်းယန်မြို့နယ်ခွဲမှ ကေအိုင်အေတပ်စခန်းရှိရာဘက်သို့ ထွက်ခွာသွားသည်ဟု သိရသည်။

စစ်ကောင်စီခန့် ဟိုကပ်ကျေးရွာအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ဟိုကပ်ကျေးရွာမှ အုပ်ချုပ်ရေးမှူးဖြစ်သူ စက်တင်ဘာ ၁၄ ရက်နေ့တွင် ပစ်ခတ်သတ်ဖြတ်ခံရကြောင်း သိရသည်။