Month: September 2021

မိုးမောက်တွင် စစ်ကောင်စီတပ်များ ဧည့်စာရင်းစစ်နေ

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်ရှိ ရပ်ကွက်တစ်ချို့ကို ယနေ့ စက်တင်ဘာလ ၂ ရက်၊ ည ၁၁ နာရီခန့်မှစတင်ပြီး စစ်ကောင်စီတပ်ဖွဲ့များ ဧည့်စာရင်းစစ်ဆေးမှု ပြုလုပ်နေကြောင်းသိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိနာခဲ့သည့် မုံကိုးမြို့နယ်အတွင်း လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေ

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မုံကိုးမြို့နယ် ဖောင်းဆိုင်ကျေးရွာအနီးတစ်ဝိုက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း သိရသည်။

စားနပ်ရိက္ခာအခက်အခဲကြောင့် ပူတာအိုမြို့နယ် တန်ဂျာဒေသခံစစ်ရှောင်အချို့ နေရပ်ပြန်

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်အတွင်းရှိ တန်ဂျာကျေးရွာအနီးတွင် ဩဂုတ်လ ၂၆ ရက်နေ့က တိုက်ပွဲဖြစ်ပွားသောကြောင့် ဒေသခံများသည် လုံရှာယန်ကျေးရွာဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရာမှ ယမန်နေ့က နေရပ်ပြန်သွားကြကြောင်း သိရသည်။

KBC အထွေထွေအတွင်းရေးမှူးကို စစ်ကောင်စီက ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ထားသည်ဟု သတင်းထွက်ပေါ်

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အတွင်းရေးမှူး သိက္ခာတော်ရဆရာတော် ဦးတူးမိုင်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်တရားစွဲဆိုထားကြောင်း သတင်းများထွက်ပေါ်နေသည်။

ယုဇနကုမ္ပဏီက ၎င်းတို့၏ကုမ္ပဏီအဆောက်အအုံများကို သံတိုသံစဝယ်ရောင်းများထံတွင် ထုခွဲရောင်းချ

ဒေသခံများ၏ မြေဧကသုံးသိန်းကျော် သိမ်းယူပြီး စိုက်ပျိုးရေးလုပ်ငန်းများလုပ်ကိုင်ခဲ့သည့် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဘန်ကောက်ကျေးရွာရှိ ယုဇနကုမ္ပဏီက ကုမ္ပဏီပိုင်အဆောက်အအုံနှင့် စက်ပစ္စည်းလက်ကျန်များကို သံတိုသံစဝယ်ရောင်းများထံ ရောင်းချလိုက်ကြောင်းသိရသည်။

မူဆယ်မြို့နယ် အတွင်း စစ်ကောင်စီတပ်နှင့် ကိုးကန့် MNDAA အကြား တိုက်ပွဲဆက်လက်ဖြစ်ပွား

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ဖောင်းဆိုင်ကျေးရွာအနီးတွင် ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့(MNDAA) နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ကြား ယနေ့ နံနက် ၈ နာရီခန့်မှ မွန်းလွဲ ၁၂ နာရီခန့်အထိ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း...

ကျွဲများနေ့စဉ်သေဆုံးခဲ့သည့် ရှင်ဗွေယန်မြို့တွင် ကာကွယ်ဆေးထိုး

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ရှင်ဗွေယန်မြို့ရှိ တခက်ကျေးရွာတွင် လည်ချောင်းကွဲလျှာနာရောဂါကြောင့် ကျွဲများနေ့စဉ် သေဆုံးမှုရှိနေသောကြောင့် ဩဂုတ်လ ၃၁ ရက်နေ့ ညနေမှစ၍ ကျွဲများကို ကာကွယ်ဆေးထိုးကြောင်း သိရသည်။

ခ.လ.ရ (၅၈) က ဖမ်းဆီးသွားသူ သုံးဦးကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ပို့

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်တွင် ဩဂုတ်လ ၂၈ ရက်နေ့ ခ.လ.ရ ၅၈ တပ်မှ ပစ်ခတ်နေချိန် ဖမ်းဆီးခံရသူ သုံးဦးကို ဩဂုတ်လ ၃၁ ရက်နေ့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်...

စစ်​ကောင်စီတပ်ဖွဲ့များက ​တန့်ဆည်မြို့နယ်အတွင်း နေအိမ်များကို ဖျက်ဆီ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်ရှိ ကပေါင်းကျကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ​ကျေးရွာအတွင်း တပ်စွဲကာ ဒေသခံများ၏ နေအိမ်များကို ဖျက်ဆီးခဲ့ကြောင်း သိရသည်။

မင်းတပ်တွင် စစ်ကောင်စီတပ်များ ဘုရားကျောင်းရှိ ပစ္စည်းများခိုးယူ

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ချပ်ရွာတွင် စစ်ကောင်စီတပ်ဖွဲ့များ ရွာအတွင်းရှိ ပြည်သူများ၏ နေအိမ်များမှ အသုံးအဆောင်ပစ္စည်းများနှင့် ကက်သလစ်ဘုရားကျောင်းအတွင်းမှ ဘုရားပစ္စည်းများအား ခိုးယူ၊ ဖျက်ဆီးခဲ့ကြောင်းသိရသည်။