Month: September 2021

ချဲဒိုင်မှ ဆက်ကြေးကောက်သည့်ရဲနှစ်ဥိီးကို PDF များ ပစ်ခတ်သတ်ဖြတ်

စစ်ကိုင်းတိုင်း တန့်ဆည်မြို့၊ လမ်းဆုံ ဈေးသစ်အနောက်တွင် ယနေ့ စက်တင်ဘာ ၄ ရက်နေ့ ညနေ ၅ နာရီခွဲခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးကို တန့်ဆည်ပြည်သူ့ရဲဘော်များ...

မြစ်ကြီးနား နမ့်ပေါင်လေတပ်စခန်းအနီး လက်နက်ကြီးသံများ ပြန်လည်ထွက်ပေါ်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အထက်မော်ဖောင်းရပ်ကွက် ရှိ လေတပ်စခန်းအနီးတွင် ယနေ့ စက်တင်ဘာလ ၄ ရက်နေ့ ည ၈နာရီခန့်မှစတင်ကာ လက်နက်ကြီး လက်နက်ငယ်အသံများကြားရကြောင်း သိရသည်။

မန္တလေးတွင် ကျပ်ငွေ ငါးဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းမိ

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်တွင် စက်တင်ဘာလ ၁ရက်နေ့က ကျပ် ငါးဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများကို ဖမ်းမိရရှိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

တန့်ဆည်တွင် စစ်ကောင်စီယာဉ်တန်း မိုင်းခွဲခံရ

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ကံထူးမရဲစခန်းမှ ထွက်ခွာလာသော စစ်ကောင်စီတပ်၏ ယာဉ်တန်း ယနေ့နံနက် ၄ နာရီခန့်က ဝရငယ်ကျေးရွာအနီးတွင် မိုင်းခွဲခံရကြောင်းသိရသည်။

ဒေ့ါဖုန်းယန်မြို့တွင် စစ်ကောင်စီရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီးကြောင့် လူနေအိမ်အချို့ပျက်စီး

ကချင်ပြည်နယ် ဒေါ့ဖုန်းယန်မြို့နယ်တွင် ယမန်နေ့ ဩဂုတ်လ ၂ ရက်နေ့ ည ၉ နာရီခွဲခန့်၌ စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲချိန် လက်နက်ကြီးစထိမှန်၍ ကျွဲများသေဆုံးပြီး လူနေအိမ်အချို့...

ဝိုင်းမော်မြို့ လော်ဝေါ် နှစ်ခြင်းအသင်းတော် ဘုရားကျောင်းဝင်းရှိ စစ်ဘေးရှောင်ပြည်သူများ နေရာထိုင်ခင်း အခက်အခဲဖြစ်နေ

ကချင်ပြည်နယ် ဝိုင်းမော်မြို့ ခ.လ.ရ ၅၈ တပ်အနီးရှိ မဒိန်၊ ခါ့ကွမ်နှင့် လဘန်ကျေးရွာမှ ထွက်ပြေးတိမ်းရှောင်နေကြသည့် စစ်ဘေးရှောင်နေသူများ နေရာထိုင်ခင်းအတွက် အခက်အခဲဖြစ်နေကြောင်း သိရသည်။

ခ.လ.ရ (၅၈) ရမ်းသမ်းပစ်ခတ်လေ့ရှိသည့် ကျေးရွာများမှ ဒေသခံများ၏ ဝက်များကို အမြန် ရောင်းချနေ

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ရှိ ခ.လ.ရ (၅)၈ တပ်က ရမ်းသမ်း ပစ်ခတ်မှုကြောင့် လက်နက်ကြီးမကြာခဏ ကျရောက်လေ့ရှိသည့် မဒိန်ကျေးရွာနှင့် ခါ့ကွမ်ရပ်ကွက်မှ ဝက်များကို ရောင်းချနေကြကြောင်း သိရသည်။

တန့်ဆည်တွင် ပြည်သူ ၁၂ ဦးကို PDF ယောင်ဆောင်ထားသည့် စစ်ကောင်စီများ ဖမ်းဆီး၊ ပြည်သူ့အချို့ပျောက်ဆုံးနေ

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်၊ လိပ်ခြံကျေးရွာတွင် ဩဂုတ်လ ၃၁ ရက်နေ့၌ ရွာအတွင်း ပစ္စည်းယူရန် ပြန်လာသည့် ပြည်သူ ၁၂ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ အရပ်ဝတ်ဖြင့် PDF...

စစ်ကောင်စီတပ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော တန့်ဆည်မြို့နယ် ကျေးရွာနှစ်ရွာမှ ဒေသခံများ စားနပ်ရိက္ခာနှင့်ဆေးဝါးများ လိုအပ်နေ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကပေါင်းကျကျေးရွာနှင့် လိပ်ခြံကျေးရွာမှ ဒေသခံပြည်သူ ၆၀၀ ဝန်းကျင်ခန့် တိုက်ပွဲကြောင့် တောထဲတွင် ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာနှင့် ဆေးဝါးများ လိုအပ်နေရကြောင်း သိရသည်။

ရွှံ့ဗွက်ကြားထဲ ရုန်းကန်နေရတဲ့ ဘဝများ

မြစ်ကြီးနား-ဗန်းမော်ကားလမ်းပေါ်တွင် Toyota Pro Box ယာဉ်အမျိုးအစား ကားလေးတစ်စီး ခရီးသည် လေးဦးဖြင့် တရွေ့ရွေ့ ခရီးနှင်နေသည်။ မိုးဖွဲဖွဲကျနေပြီး လမ်းတွင်လူပြတ်သော်လည်း ယာဉ်မောင်းဖြစ်သူ ကိုဇော်အောင် (အမည်လွဲ)...