Breaking News 47 Media
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အထက်မော်ဖောင်းရပ်ကွက် ရှိ လေတပ်စခန်းအနီးတွင် ယနေ့ စက်တင်ဘာလ ၄ ရက်နေ့ ည ၈နာရီခန့်မှစတင်ကာ လက်နက်ကြီး လက်နက်ငယ်အသံများကြားရကြောင်း သိရသည်။

လက်နက်ကြီး လက်နက်ငယ်သံများဂ၁၀ ချက်ထက်မနည်း ကြားရကြောင်း ဒေသခံတစ်ဦးကThe 74 Mediaကိုပြောသည်။
“လက်နက်ကြီး ၁၀ ချက်ကျော်ပြီ လက်နက်ငယ်တွေကော ကြားရတယ် အခုနကတည်းက ကြားနေရတယ် အခုထိကြားနေရတယ်” ဟုသူကပြောသည်။
ပစ်ခတ်မှုကြောင့် ထိခိုက်သူရှိမရှိ The 74 Media က စုံစမ်းနေဆဲဖြစ်သည်။
မော်ဖောင်းရပ်ကွက်ရှိ အဆိုပါနေရာအနီးတဝိုက်တွင် ဧပြီလ ၁၇ ရက်ကလည်း လက်နက်ကြီးကျ၍ နေအိမ်ပျက်စီးကာ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့သည်။
သင့်ထင်မြင်ချက်ရေးပေးပါ