တန့်ဆည်
စစ်ကိုင်းတိုင်း တန့်ဆည်မြို့၊ လမ်းဆုံ ဈေးသစ်အနောက်တွင် ယနေ့ စက်တင်ဘာ ၄ ရက်နေ့ ညနေ ၅ နာရီခွဲခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးကို တန့်ဆည်ပြည်သူ့ရဲဘော်များ (Taze People Comrades) မှ လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ရပ်ကွက်ချဲဒိုင်မှ ဆက်ကြေးသွားကောက်ချိန် တန့်ဆည်ပြည်သူ့ရဲဘော်များ (Taze People Comrades)က ပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“အဲ့နှစ်ယောက်က ချဲရောင်းတဲ့သူတွေဆီကနေ ဆက်ကြေးကောက်လေ့ရှိတာလေ။ အဲ့တာ လာတဲ့အချိန်မှာ ပစ်သတ်ခံရတာပေါ့နော်။ အဲ့‌​ေနာက် ရဲကားလာတော့ ရဲကားလည်း ဗုံးခွဲခံရတယ်။ ရဲကားနောက်ပွင့်သွားတယ်” ဟုပြောသည်။
သေဆုံးသူ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသည် နယ်ထိန်းရဲတပ်ကြပ် မျိူးထက်ဦးနှင့် ရဲတပ်သားအောင်သူဝင်းတို့ဖြစ်ကြောင်း သူကဆက်ပြောသည်။
စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်တွင် ယမန်နေ့ စက်တင်ဘာလ ၃ ရက်နေ့တွင်လည်း ကံထူးမရဲစခန်းမှ ထွက်ခွာလာသော စစ်ကောင်စီတပ်၏ ယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များက မိုင်းခွဲတိုက်ခိုက်ခဲ့သည်။
သင့်ထင်မြင်ချက်ရေးပေးပါ