စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိနာခဲ့သည့် မုံကိုးမြို့နယ်အတွင်း လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေ
ရှမ်းပြည်နယ် မြောက်ပိုင်း၊ မုံကိုးမြို့နယ် ဖောင်းဆိုင်ကျေးရွာအနီးတစ်ဝိုက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိနာခဲ့သည့် မုံကိုးမြို့နယ်အတွင်း လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေ

 

စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ကိုးကန့်တပ်ဖွဲ့ MNDAAတို့နှစ်ဖက်စစ်ရေးလှုပ်ရှားမှုများရှိနေသောကြောင့် ဩဂုတ်လ ၂၈ ရက်နေ့မှ စ၍ ယနေ့ချိန်ထိ တိုက်ပွဲ ဆက်လက်ပြင်းထန်​နေ​ကြောင်းသိရသည်။
တိုက်ပွဲများဖြစ်ပွားနေချိန်တွင် ကျေးရွာများသို့ လက်နက်ကြီးများ ကျရောက်ပေါက်ကွဲသောကြောင့် လက်နက်ကြီးထိမှန်၍ ပြည်သူများ သေဆုံးမှု ရှိခဲ့ပြီး ဒေသခံပြည်သူအချို့၏ နေအိမ်၊ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့သည်။
မုံကိုးမြို့နယ်ရှိ ကျေးရွာအချို့တွင် တိုက်ပွဲပြင်းထန်လျက်ရှိသောကြောင့် ဒေသခံ ပြည်သူ ၁၄၀၀ ကျော်သည် နီးစပ်ရာ ဘုရားကျောင်းများ၊ ဘုန်းကြီးကျောင်းများနှင့် တရုတ်ပြည်နယ်စပ်သို့ ဆက်လက် ထွက်ပြေးတိမ်းရှောင်နေရ​ကြောင်း သိရသည်။
Photo : the kachin net
သင့်ထင်မြင်ချက်ရေးပေးပါ