မူဆယ်မြို့နယ် အတွင်း စစ်ကောင်စီတပ်နှင့် ကိုးကန့် MNDAA အကြား တိုက်ပွဲဆက်လက်ဖြစ်ပွာ
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ဖောင်းဆိုင်ကျေးရွာအနီးတွင် ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့(MNDAA) နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ကြား ယနေ့ နံနက် ၈ နာရီခန့်မှ မွန်းလွဲ ၁၂ နာရီခန့်အထိ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်နှင့် MNDAA တပ်ဖွဲ့အကြား လေးနာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“ဒီနေ့ ၁၂ နာရီလောက်မှာ ရပ်သွားပြီပြောတယ်၊ ရွာပြင်ဘက်ဖြစ်တာပေါ့၊ တစ်နာရီလောက် အဆက်မပြတ်ပစ်ကြတာပေါ့၊ လက်နက်ကြီးတွေလည်း ပါတယ်၊ စစ်တပ်က အရင်တက်လာပစ်တာ”ဟု သူကပြောသည်။
ဖောင်းဆိုင်တိုက်ပွဲတွင် အထိအခိုက်အကျအဆုံး သတင်းအချက်အလက်များကိုမူ The 74 Media မှ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်များက စစ်အင်အားတိုးချဲ့မှုများ ပိုမိုပြုလုပ်လာသောကြောင့် ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့(MNDAA) များက မကြာခဏ ကြားဖြတ်တိုက်ခိုက်မှုများ ပြုလုပ်လာသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ် ကျေးရွာတစ်ချို့တွင် ဩဂုတ် ၂၈ ရက်နေ့မှ စ၍ စစ်ကောင်စီတပ်နှင့် ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့(MNDAA)တို့ကြား တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးသူများပြားနေကြောင်း သိရသည်။
Photo -The Kokang Facebook Page
သင့်ထင်မြင်ချက်ရေးပေးပါ