Month: September 2021

မူးမြစ်တံတားပေါ်တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ သိမ်းဆည်းရမိခဲ့သည့် စစ်လက်နက်ပစ္စည်းများ

စစ်ကောင်စီတပ်ဖွဲ့ဝင်များ အသေအပျောက်များခဲ့သည့် မူးမြစ်တံတားပေါ်တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ သိမ်းဆည်းရမိခဲ့သည့် စစ်လက်နက်ပစ္စည်းများ – ကျင့်ဝတ်အရ အသံပြုပြင်ထားသည်။ Video credit

ဗန်းမောက်တွင် တောင်ကျချောင်းရေနှင့် မျောပါသွားသူသုံးဦးကို သေဆုံးလျက်ပြန်တွေ့

စစ်ကိုင်းတိုင်း ကသာခရိုင် ဗန်းမောက်မြို့နယ် ကန်ကုန်းကျေးရွာရှိ ခိုနန်းချောင်းတွင် စက်တင်ဘာလ ၂၁ ရက်နေ့ ညနေက ချောင်းရေကြီးလာသောကြောင့် လူငယ်သုံးဦး မျောပါသွားပြီး သေဆုံးလျက်ပြန်လည်း တွေ့ရှိခဲ့ကြောင်း သိရသည်။

မိုးကောင်းမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းကို KIA တိုက်ခိုက် ၊ ခြေလျင်တက်လာသည့် စစ်ကြောင်းနှင့် တိုက်ပွဲဆက်လက်ပြင်းထန်

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ မကောက်ဇွပ်ကျေးရွာအနီးတွင် ယနေ့ နံနက် ၁၁ နာရီဝန်းကျင်က တနိုင်းမြို့သို့ ဦးတည်ထွက်ခွာလာသည့် စစ်ကောင်စီတပ်ဖွဲ့အား ကချင်လွတ်မြောက်ရေးတပ် (KIA) က တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီခန့်အပ်သော အုပ်ချုပ်ရေးမှူးသားအဖနှင့် အထူးရဲ ပစ်ခတ်သတ်ဖြတ်ခံရ

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်၊ ကုက္ကိုကုန်းကျေးရွာတွင် စက်တင်ဘာ ၂၁ ရက်ည ၈နာရီခန့်က စစ်ကောင်စီမှ ခန့်အပ်ထားသော အုပ်ချုပ်ရေးမှူး သားအဖနှင့် အထူးရဲတစ်ဦး ပစ်သတ်ခံရကြောင်း သိရသည်။

မင်းတပ်မြို့တွင် စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့် နေအိမ်အချို့ထိခိုက်ပျက်စီး

ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် ယမန်နေ့ စက်တင်ဘာလ ၂၂ ရက်နေ့၊ ည ၇ နာရီခန့်က လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သံများကြားရပြီးနောက် ဘုရားကျောင်းဝင်းအတွင်းရှိ ဆရာတော်ကျောင်းတိုက်နှင့် ဒေသခံတို့၏...

မုံကိုးမြို့နယ် မုံလုံနှင့်နမ့်ဆူကျေးရွာကြားတွင် လက်နက်ကြီးများကျရောက်ပေါက်ကွဲ

စစ်ကောင်စီတပ်နှင့်ကိုးကန့်တပ်ဖွဲ့ (MNDAA)တို့တိုက်ပွဲဖြစ်ပွားနေသော ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုံကိုးမြို့နယ်၊ မုံလုံနှင့် နမ့်ဆူကျေးရွာကြားတွင် ယနေ့ မွန်းလွှဲနှစ်နာရီခန့်မှစတင်ပြီး လက်နက်ကြီးများ ကျရောက်ပေါက်ကွဲနေကြောင်းသိရသည်။

စစ်ကောင်စီအထိနာခဲ့သည့် ပင်လည်ဘူးတွင် တိုက်လေယာဉ်ပျံဝဲ

စစ်ကောင်စီ အသေအပျောက်များခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့နယ်တွင် ယနေ့ မွန်းလွှဲ ၁ နာရီခွဲခန့်က စစ်ကောင်စီ၏ တိုက်လေယာဉ်တစ်စီးပျံသန်းနေကြောင်း သိရသည်။

မူးမြစ်တံတားပေါ်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အသေအပျောက်များ

စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့နယ်ရှိ မူးမြစ်တံတားပေါ်၌ ယမန်နေ့ စက်တင်ဘာ ၂၂ ရက်နေ့ ညနေ ၄ နာရီခွဲခန့်က PDF နှင့် စစ်ကောင်စီတပ်တို့ကြား ဖြစ်ပွားသော တိုက်ပွဲတွင်...

မိုးညှင်းတွင် လူငယ်တစ်ဦးနှင့် မိသားစုဝင်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီး

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၊ မိုးဒါးစုရပ်ကွက်တွင် ယမန်နေ့ စက်တင်ဘာ ၂၂ ရက်နေ့ည ရှစ်နာရီခန့်တွင် လူငယ်တစ်ဦးနှင့် သူ၏မိသားစုဝင်များကို စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

မိုးမောက်မြို့နယ် စိန်လုံကျေးရွာအုပ်စုမှ စစ်ရှောင်ပြည်သူများ နေရာထိုင်ခင်းနှင့် ကျန်းမာရေးကာကွယ်စောင့်ရှောက်မှု လိုအပ်နေ

ကချင်ပြည်နယ် မိုးမောက်မြို့နယ်၊ ကြေးနန်းရပ်ကွက်သို့ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ရှောင်ပြည်သူများ နေရာထိုင်ခင်း၊ သောက်ရေနှင့် ကျန်းမာရေးကာကွယ်စောင့်ရှောက်မှုများ လိုအပ်နေကြောင်း သိရသည်။

သက်ကြီးဝါကြီးများကို စစ်ကောင်စီက အစည်းအဝေးရှိသည်ဟု လိမ်လည်ခေါ်ယူကာ စစ်သင်တန်းပေးနေ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် ပြည်သူ့စစ်မှ စစ်သင်တန်းတက်ရန် စည်းရုံးသော်လည်း တက်မည့်သူ မရှိသဖြင့် အသက် ၆၀ အရွယ် အမျိုးသားများကို အစည်းအဝေးတက်ရန်ဟူ၍ လိမ်လည်ခေါ်ယူကာ စစ်သင်တန်းပေးကြောင်း သိရသည်။