Month: September 2021

ဆယ်နှစ်အတွင်း အာဆီယံအတွင်း ထိပ်တန်းနိုင်ငံဖြစ်နိုင်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင်ပြော

ကြိုးစားပါက ဆယ်နှစ်အတွင်း အာဆီယံနိုင်ငံများအတွင်း ထိပ်တန်းနိုင်ငံဖြစ်နိုင်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင်က ယမန်နေ့စက်တင်ဘာလ ၂၅ ရက်နေ့က ပြောကြားလိုက်သည်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်တစ်ဦး ပစ်သတ်ခံရ

ကချင်ပြည်နယ် ရွှေကူမြို့နယ် နောင်ပင်ကျေးရွာအဝင်တွင် ယနေ့ မွန်းလွှဲ ၁ နာရီခန့်က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း‌သိရသည်။

လဝါးကျေးရွာအနီး စစ်ကောင်စီတပ်ဖွဲ့ကို ကေအိုင်အေတိုက်ခိုက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လဝါးကျေးရွာအနီးတွင် စစ်အင်အားတိုးချဲ့လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကချင်လွတ်မြောက်ရေးတပ် (KIA) က ယနေ့ စက်တင်ဘာလ ၂၅ ရက်နေ့၊ နံနက် ၆ နာရီခန့်မှစတင်ကာ...

စစ်ကောင်စီစစ်ကြောင်းရောက်လာသဖြင့် ခွန်ဆိုင်ယန်ကျေးရွာမှ ဒေသခံများထွက်ပြေးတိမ်းရှောင်

ကချင်လွတ်မြောက်ရေးတပ် ကေအိုင်အေနှင့် စစ်ကောင်စီတပ်များ ဖားကန့်မြို့နယ် လဝါးကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီစစ်ကြောင်း ခွန်ဆိုင်ယန်ကျေးရွာရောက်ရှိလာသဖြင့် ဒေသခံပြည်သူများ ယနေ့ညနေ ၄ နာရီခန့်က ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်းသိရသည်။

မြစ်ကြီးနားမြို့ ဂျပန်လမ်းတွင် ဓါးထောက်ကာ ဆိုင်ကယ်လုယက်မှုဖြစ်ပွား

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့, စီတာပူရပ်ကွက် နောင်ရာပါလမ်းခွဲ(ဂျပန်လမ်း)တွင် ယမန်နေ့ ည၇နာရီခွဲ အချိန်က ဆိုင်ကယ်လုယက်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။ အမည်မသိလူငယ်လေးယောက်မှ ဓါးထောက်ကာ ဆိုင်ကယ်လုယက်ခဲ့သည့်အပြင် ၎င်း၏ခင်းပွန်းဖြစ်သူကိုလည်း ထိုးကြိတ်သွားကြောင်း လုယက်ခံခဲ့ရသူက The...

“ပြည်သူတွေမျိုးချစ် KIA တိုက်ပွဲတိုင်းမှာနိုင်ပါစေ” ဟူသည့် ကြွေးကြော်သံဖြင့် စစ်အာဏာရှင်စနစ် ဆန့်ကျင့်‌ေရးသပိတ်

“ပြည်သူတွေမျိုးချစ် KIA တိုက်ပွဲတိုင်းမှာနိုင်ပါစေ” ဟူသည့် ကြွေးကြော်သံဖြင့် စစ်အာဏာရှင်စနစ် ဆန့်ကျင့်‌ေရးသပိတ် ပြလုပ်နေကြသည့် ဖားကန့်မြို့တိုင်းရင်းသားလူမျိုးပေါင်းစုံပင်မသပိတ်စစ်ကြောင်း  

ပန်ဝါမြို့တွင် အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်သတ်ဖြတ်ခံရ

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ တရုတ်-မြန်မာနယ်စပ်မြို့ဖြစ်သော ပန်ဝါမြို့တွင် စက်တင်ဘာလ ၂၁ ရက်နေ့ညက အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်သတ်ဖြတ်ခံရကြောင်းသိရသည်။

လုံးခင်း တိုက်နယ်ဆေးရုံတွင် မိုင်းပေါက်ကွဲ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု တိုက်နယ်ဆေးရုံဝင်းနှင့် လုံးခင်းဈေးတွင် ယမန်နေ့ စက်တင်ဘာလ ၂၃ ရက်နေ့၊ ည ၆ နာရီခွဲခန့်က မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

တန့်ဆည်မြို့နယ် ကျီကုန်း (တောင်) ကျေးရွာတွင် ဒေသခံများ၏ နေအိမ်ကို စစ်ကောင်စီမီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်၊ ကျီကုန်း(တောင်) ကျေးရွာတွင် ယမန်နေ့ စက်တင်ဘာ ၂၃ ရက် နံနက် ၁၀ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့များရွာသို့ ဝင်ရောက်လာပြီး ဒေသခံပြည်သူတို့၏ နေအိမ်များကို...

စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်တို့အကြား တိုက်ပွဲဖြစ်၊ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေ

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့၊ ကုန်းသာကျေးရွာအနီးရှိ ကျောက်ဆယ်ကန်တွင် ယမန်နေ့ည ၆ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ကရင်နီပူးပေါင်းတပ်တို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ချီဖွေတွင် စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်အဖွဲ့က ဒေသခံများကို စစ်သင်တန်းပေးနေ

ကချင်ပြည်နယ် ချီဖွေမြို့နယ်တွင် နေထိုင်သော ဒေသခံပြည်သူအချို့ စက်တင်ဘာလ ၂၂ ရက်နေ့မှ စတင်ကာ ပန်ဝါမြို့အခြေစိုက် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့တွင် စစ်သင်တန်း သွားရောက် သင်ယူ နေကြောင်း...