စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့နယ်ရှိ မူးမြစ်တံတားပေါ်၌ ယမန်နေ့ စက်တင်ဘာ ၂၂ ရက်နေ့ ညနေ ၄ နာရီခွဲခန့်က PDF နှင့် စစ်ကောင်စီတပ်တို့ကြား ဖြစ်ပွားသော တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ အသေအပျောက်များကြောင်း သိရသည်။

မူးမြစ်တံတားပေါ်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အသေအပျောက်များ

PDF နှင့် စစ်ကောင်စီတပ်တို့ကြား လေးနာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအပါအဝင် တပ်ဖွဲ့ဝင်အများအပြား သေဆုံးခဲ့ပြီး လက်နက်အများအပြား သိမ်းဆည်းရမိခဲ့သည်ဟု ဖြစ်စဉ်နှင့် နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။

“စကစတွေ အသေအပျောက်များပြီး ပြန်ဆုတ်ပြေးသွားတယ်။ ကောက်ရတာက တပ်ကြပ်အဆင့်ထိရတယ်။ ဒုတပ်ရင်းကျတယ်လို့ ကြားတယ်။ ဗိုလ်ကြီး သုံးပွင့်ကတော့ သေချာတယ်။ အလောင်းအများစုကို ပြန်သယ်သွားလို့ အတိအကျတော့မရနိုင်ဘူး။ တချို့ စကစ အလောင်းတွေကို တံတားပေါ်ကနေ ပစ်ချသွားပြီး နိုင်သလောက်သယ်သွားတယ်။” ဟုသူကပြောသည်။

စစ်ကောင်စီတပ် တပ်မ ၄၄ သည် နောင်မူးကျေးရွာမှ ဝမ်းဘဲအင်းကျေးရွာသို့လာချိန် ပင်လည်ဘူး PDF၊ ကောလင်း PDF၊ ဝန်းသို PDF တို့က စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ဝမ်းဘဲအင်းကျေးရွာနှင့် နှောင်အင်းကျေးရွာကြားရှိ မူးမြစ်တံတားပေါ်တွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ပင်လည်ဘူးမြို့သည် ကသာခရိုင်၊ ကောလင်းနယ်အတွင်းရှိ ပင်လည်ဘူးမြို့နယ်၏ ရုံးစိုက်ရာ ဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ