စစ်ကောင်စီတပ်
မြန်မာနိုင်ငံအနှံ့တွင် စက်တင်ဘာလ ၁ ရက်နေ့မှ ၂၀ ရက်နေ့အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲနှင့် ပဋိပက္ခများတွင် စစ်ကောင်စီ ၄၄၅ ဦးခန့်သေဆုံးကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

စက်တင်ဘာလ၏ သုံးပတ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲနှင့်ပဋိပက္ခဖြစ်စဉ်များတွင် စစ်ကောင်စီ ၄၄၅ ဦး သေဆုံးပြီး ၁၄၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
အဆိုပါထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်း၊ ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းတို့တွင် တိုက်ပွဲနှင့် ပဋိပက္ခဖြစ်ပွားမှု အများဆုံးဖြစ်ပွားခဲ့ပြီး ရခိုင်ပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားမှု အနည်းဆုံးဖြစ်သည်။
သုံးပတ်အတွင်း တိုက်ပွဲနှင့် ပဋိပက္ခများကြောင့် ပြည်သူ ၉၃ ဦးသေဆုံးခဲ့ပြီး ၆၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ထုတ်ပြန်ချက်ကို ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာလ ၁ ရကနေ့မှ ၂၀ ရက်နေ့အတွင်း တစ်ပတ်လျင် တစ်ကြိမ် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အဆိုပါအချက်အလက်များနှင့်ပတ်သက်ပြီး The 74 Media က သီးခြား အတည်ပြုနိုင်ခြင်း မရှိပါ။
မူရင်းထုတ်ပြန်ချက်များကို အောက်ပါလင့်ခ်တွင် ကြည့်ရှုနိုင်ပါသည်။
Photo Credit to rightful owners
သင့်ထင်မြင်ချက်ရေးပေးပါ