မုံရွာတွင် ယာဉ်ထိန်းရဲတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ
စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ပြည်ထောင်စုလမ်းနှင့် မြို့ပတ်လမ်း မီးပွိုင့်တွင် ယနေ့ စက်တင်ဘာလ ၂၂ ရက်နေ့ နံနက်တွင် ယာဉ်ထိန်းရဲတစ်ဦး ပစ်သတ်ခံရကြောင်း သိရသည်။

ယာဉ်ထိန်းရဲသည် တာဝန်ထမ်းဆောင်ချိန်တွင် ပစ်သတ်ခံရခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ပြည်ထောင်စုလမ်းနှင့် မြို့ပတ်လမ်း မီးပွိုင့်တွင် ယနေ့ စက်တင်ဘာလ ၂၂ ရက်နေ့ နံနက်တွင် ယာဉ်ထိန်းရဲတစ်ဦး ပစ်သတ်ခံရကြောင်း သိရသည်။ ယာဉ်ထိန်းရဲသည် တာဝန်ထမ်းဆောင်ချိန်တွင် ပစ်သတ်ခံရခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။ “ကားလေးကွင်းနားက မီးပွိုင့်မှာ သေနတ်နဲ့ပစ်ခံရတာ၊ ခုလုပ်သွားတဲ့ အဲ့အဖွဲ့ကလည်း ထောက်တိုင် အကုန်ချမှာလို့ ပြောထားတယ်လေနော့်” ဟု သူကပြောသည်။  အဆိုပါယာဉ်ထိန်းရဲကို မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် (MPDF) ကပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းတို့၏ ဖေ့ဘုတ်လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။ မုံရွာမြို့တွင် စစ်ကောင်စီစနစ် အလုံးစုံ ပျက်သုဉ်းရေး၊ ပြည်သူလူထုအား ကာကွယ်စောင့်ရှောက်ရေး တို့ကို ဦးတည်၍ စစ်ကောင်စီအား ဖြုတ်ချရန် မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် (MPDF) က မြို့ပြပျောက်ကျားလှုပ်ရှားမှုများဖြင့် ဆက်လက်ဆောင်ရွက်လျှက် ရှိသည်ဟု ထုတ်ပြန်ထားသည်။
“ကားလေးကွင်းနားက မီးပွိုင့်မှာ သေနတ်နဲ့ပစ်ခံရတာ၊ ခုလုပ်သွားတဲ့ အဲ့အဖွဲ့ကလည်း ထောက်တိုင် အကုန်ချမှာလို့ ပြောထားတယ်လေနော့်” ဟု သူကပြောသည်။
အဆိုပါယာဉ်ထိန်းရဲကို မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် (MPDF) ကပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းတို့၏ ဖေ့ဘုတ်လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။
မုံရွာမြို့တွင် စစ်ကောင်စီစနစ် အလုံးစုံ ပျက်သုဉ်းရေး၊ ပြည်သူလူထုအား ကာကွယ်စောင့်ရှောက်ရေး တို့ကို ဦးတည်၍ စစ်ကောင်စီအား ဖြုတ်ချရန် မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် (MPDF) က မြို့ပြပျောက်ကျားလှုပ်ရှားမှုများဖြင့် ဆက်လက်ဆောင်ရွက်လျှက် ရှိသည်ဟု ထုတ်ပြန်ထားသည်။
သင့်ထင်မြင်ချက်ရေးပေးပါ