Month: May 2021

အာဏာရူးစစ်အာဏာရှင်စနစ်တွေလုံးဝအုပ်ချူပ်ခွင့်မရစေရ လှုပ်ရှားမှု မြစ်ကြီးနားအခြေစိုက်ကျောင်းသား သမဂ္ဂ၊ ပင်မသပိတ် နှင့် Gen-Z လူငယ်တို့မှ အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့

ဖားကန့်မြို့တွင် မိုးများသည်းထန်စွာရွာသွန်းနေသော်လည် စစ်အာဏာရှင်စနစ် ဆန့်ကျင်‌ေရး သပိတ် ဆက်လက်ပြုလုပ်နေသည့် တိုင်းရင်းသားလူမျိုးပေါင်းစုံ ပင်မသပိတ်စစ်ကြောင်

မီးငြှိမ်းသတ်ရန်သွားသည့် မီးသတ်ကားတစ်စီး တိမ်းမှောက်သဖြင့် မီးသတ်တပ်သားနှစ်ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ စက်တောကုန်းရွာတွင် ယနေ့နံနက်ပိုင်းက အလယ်တန်းကျောင်း မီးလောင်မှုဖြစ်ပွားနေသောကြောင့် မီးငြှိမ်းသတ်ရန်သွားသည့် မီးသတ်ကားတစ်စီး တိမ်းမှောက်သဖြင့် မီးသတ်တပ်သား နှစ်ဦးသေဆုံး၍ သုံးဦးဒဏ်ရာရကြောင်းသိရသည်။

ကွတ်ခိုင်မြို့အနီး ကေအိုင်အေနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲဖြစ်ပွား

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နှင့် နမ်ဖတ်ကာ ကျေးရွာအကြား နွမ်ဖလွမ်တောင်ကုန်းအနီး ယနေ့ မေလ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် ကချင်လွတ်မြောက်ရေးတပ်နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။ အမည်မဖော်လိုသူဒေသခံတစ်ဦး၏...

လွိုင်ကော်စစ်ရှောင်များ ရိက္ခာပြတ်နေသောကြောင့် တိုက်ပွဲများကြားမှ နေရပ်ပြန်ကာ အစားအစာသွားယူနေရ

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် စစ်ပွဲကြောင့်ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူများသည် အကူအညီပေးသူမရှိသဖြင့် ၎င်းတို့ကိုယ်တိုင် တိုက်ပွဲများကြားတွင် စားနပ်ရိက္ခာများကို သွားရောက်သယ်ယူနေရသည်ဟု ဒေသခံများထံမှ သိရသည်။ စစ်ရှောင်များသည် စစ်ကောင်စီတပ်နှင့် PDF များအပြန်အလှန်ပစ်ခတ်နေသည့်ကြားတွင်...

ဒီမော့ဆိုမြို့တွင် ဆိုင်ကယ်မောင်းလာသူနှစ်ဦးကို စစ်ကောင်စီတပ်က အကြောင်းမဲ့ပစ်ခတ်သဖြင့် တစ်ဦးသေ

ကယားပြည်နယ်၊ ဒီမော့ဆိုမြို့တွင် ယနေ့နံနက် ခြောက်နာရီကျော်ဝန်းကျင်က ဆိုင်ကယ်စီးလာသော ပြည်သူနှစ်ဦးကို စစ်ကောင်စီတပ်က အကြောင်းမဲ့ ပစ်ခတ်ခဲ့သောကြောင့် တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖားကန့်မြိုနယ် ဆိပ်မူအထက်တန်းကျောင်းအနီး ပေါက်ကွဲမှုဖြစ်ပွား

ဖားကန့်မြို့နယ်၊ ဆိပ်မူ အထက်တန်းကျောင်းအနီး ယနေ့ မေလ ၂၆ ရက် နေ့လည် ၁ နာရီခွဲခန့်တွင် ပေါက်ကွဲမှု တစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်းသိရသည်။

နန်းမားကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်ကြီးဖြင့် ရမ်းတမ်းပစ်ခတ်

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းမားကျေးရွာတွင် ယနေ့ မေလ ၂၆ ရက် နေ့လည် ၁၁ နာရီ ဝန်းကျင်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရွာ၏အရှေ့တောင်ဘက် သို့ လက်နက်ကြီးဖြင့်...

မူဆယ်တွင် အလှူခံနေသူများကို စစ်ကောင်စီနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ဖမ်းဆီး

ရှမ်းပြည်နယ်၊ မူဆယ်မြို့တွင် မေလ ၂၆ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်က စစ်ရှောင်ပြည်သူများအတွက် အလှူခံနေသည့် ဒေသခံပြည်သူများအား စစ်ကောင်စီတပ်များနှင့် မြို့မပြည်သူ့စစ်တပ်ဖွဲ့ဝင်များက လာရောက် ဖမ်းဆီးသွားသည်ဟု...