မူဆယ်တွင် အလှူခံနေသူများကို စစ်ကောင်စီနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ဖမ်းဆီး

ရှမ်းပြည်နယ်၊ မူဆယ်မြို့တွင် မေလ ၂၆ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်က စစ်ရှောင်ပြည်သူများအတွက် အလှူခံနေသည့် ဒေသခံပြည်သူများအား စစ်ကောင်စီတပ်များနှင့် မြို့မပြည်သူ့စစ်တပ်ဖွဲ့ဝင်များက လာရောက် ဖမ်းဆီးသွားသည်ဟု ဒေသခံများထံမှ သိရသည်။

မူဆယ်တွင် အလှူခံနေသူများကို စစ်ကောင်စီနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ဖမ်းဆီး

မူဆယ်အမှတ် (၂) စည်ပင်ဈေးတွင် ယနေ့နံနက် ၁၀ နာရီခွဲခန့်က စစ်ရှောင်ပြည်သူများအတွက် အလှူခံနေသူများကို လိုက်လံဖမ်းဆီးစဉ် စုစုပေါင်း ငါးဦး ဖမ်းဆီးထိန်းသိမ်းခံလိုက်ရခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက The 74 Media ကို ပြောသည်။
“ဒီမနက် မူဆယ် အမှတ် (၂) စည်ပင်ဈေးမှာ စစ်ဘေးရှောင်တိုင်းရင်းသားတွေအတွက် သီချင်းဆိုပြီး အလှူခံတဲ့အဖွဲ့က ကလေး ငါးယောက် အဖမ်းခံလိုက်ရပါတယ်၊ အလှူငွေတွေလည်း ပါသွားပါတယ်။ ကားနဲ့လာဖမ်းတာ စစ်သားတွေပါတယ် မြို့မပြည်သူ့စစ်က Uniform နဲ့လည်းပါတယ်။” ဟုသူကပြောသည်။
ဖမ်းဆီးထိန်းသိမ်းခံလိုက်ရသူများတွင် အသက် ၁၇ နှစ်အရွယ် ယောက်ျားလေးတစ်ဦး မပြည့်ပြည့်၊ မငြိမ်းသီတာ၊ မစိုးစုလှိုင်နှင့် မထက်ယမင်းနွယ်တို့ဖြစ်ကြသည်။

ဖမ်းဆီးထိန်းခံရသူများ၏ မိသားစုဝင်များသည် ရဲစခန်းတွင် သွားရောက်စုံစမ်းမေးမြန်းသော်လည်း မရှိကြောင်း ပြောဆိုခဲ့ပြီး လက်ရှိအချိန်တွင် မည်သည့်နေရာ၌ ဖမ်းဆီးထိန်းသိမ်းထားသည်ကို မသိရှိသေးကြောင်းသိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ