နန်းမားကျေးရွာ

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းမားကျေးရွာတွင် ယနေ့ မေလ ၂၆ ရက် နေ့လည် ၁၁ နာရီ ဝန်းကျင်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရွာ၏အရှေ့တောင်ဘက် သို့ လက်နက်ကြီးဖြင့် ရမ်းတမ်းပစ်ခတ်ခဲ့ကြောင်း ဒေသခံများ ထံမှ သိရသည်။

ကေအိုင်အေရှိသည့်ဘက်သို့ ပစ်ခတ်နေခြင်းဖြစ်ပြီး စုစုပေါင်း ၁၁ ချက်ပစ်ခတ်ခဲ့သည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“၃၈၆ ကရမ်းပစ်နေတယ်ပြောတယ်၊ ၁၁ လုံးကွဲတာ ၊ အမြှောက်တပ်က ကျွန်တော်တို့ တောင်ထိပ်မှာ ၊ အရှေ့တောင်ဘက်ကြားတာ၊ အဲ့ဘက်က ကေအိုင်အေ တပ်မဟာ ၈ နဲ့နီးတာပေါ့၊ နေ့လည် ၁၁ ဝန်းကျင်ကစ ကြားတယ် ခုနှစ်ချက်လောက် ကြားတာ၊ ပထမ နှစ်ချက်က ဆက်တိုက်ပစ်တာ၊ နောက်ဟာတွေက သုံးမိနစ် ခြားတစ်ခါကြားတာ” ဟု သူက ပြောသည်။

ပစ်ခတ်သံများသည် ဒေသခံပြည်သူများနှင့် အလွန်နီးသည့်အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကင်းလှည့်နေသောကြောင့် ဒေသခံပြည်သူမျာကး စိုးရိမ်ပူပန်နေကြသည်။

သင့်ထင်မြင်ချက်ရေးပေးပါ