Month: May 2021

မြစ်ကြီးနား အကျဲကျေးရွာတွင် စစ်ကောင်စီထောင်ထားသည့် မိုင်းနင်းမိပြီး ကလေးတစ်ဦးကွယ်လွန်

ကချင်ပြည်နယ်၊ အကျဲကျေးရွာတွင် ယနေ့ ၃ နာရီခန့် က စစ်ကောင်စီတပ်ထောင်ထားသည့် မိုင်းနင်းမိပြီး အသက် ၁၀ နှစ်ခန့်အရွယ် ကလေးတစ်ဦး သေဆုံးသွားကာ မိခင်ဖြစ်သူဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ...

မံစီမြို့နယ်တွင် ကေအိုင်အေကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် အဆက်မပြတ်ပစ်ခတ် မံစီ – မေ ၁၂၊ ၂၀၂၁။

ကချင်ပြည်နယ် မံစီမြို့နယ်တွင် ယနေ့ည ၆နာရီဝန်းကျင်မှစတင်၍ စစ်ကောင်စီတပ်များ ကချင်လွတ်လပ်ရေးတပ် KIA ရှိရာသို့ အမြောက်များ၊ လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ်နေသည်ဟု ဒေသခံများထံမှသိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားသော မိန်းကလေးနှစ်ဦးမှာ လူမှားဖမ်းခံရခြင်း ဖြစ်သည်ဟု မိသားစုဝင်ပြော

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြို့သစ်ရပ်ကွက်တွင် ယနေ့မွန်းလွဲပိုင်းက ဖမ်းဆီးခံရသည့် မိန်းကလေးနှစ်ဦးမှာ လူမှားဖမ်းခံရခြင်းဖြစ်သည်ဟု မိသားစုဝင်တစ်ဦးထံမှ သိရသည်။ (အဖမ်းခံရသည့် မိန်းကလေးနှစ်ဦး၏ ကနဦးသတင်းကို The 74 Media...

မြစ်ကြီးနားတွင် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာထုတ်ယူသူများရှိနေ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်တက်ရောက်ရန် ဝင်ခွင့်လျှောက်လွှာ လာရောက်ထုတ်ယူသူများရှိသည်ဟု မျက်မြင်တွေ့ရှိသူများထံက သိရသည်။

စစ်ကောင်စီက လုံခြုံရေးလိုက်ပေးနေသည့် ဆီသယ်ကားယာဉ်တန်းကို KIA တိုက်ခိုက်

မြစ်ကြီးနားမြို့နယ်၊ အကျဲကျေးရွာရှိ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ယနေ့ မွန်းလွဲ ၁၂နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်းများ လုံခြုံရေးလိုက်ပါလာသော ဆီသယ်ကားယာဉ်တန်းကို KIA အဖွဲ့မှ ပစ်ခတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖားကန့် အေးမြသာယာသပိတ်စစ်ကြောင်း မစမှီ အဖမ်းခံရသူနှစ်ဦးကို ၅၀၅-က ဖြင့်အမှုဖွင့်

ဖားကန့်မြို့နယ်၊ အေးမြသာယာသပိတ် မစမှီ ယနေ့ မေလ ၁၂ ရက် နံနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီးသွားသည့် ပြည်သူနှစ်ဦးကို ၅၀၅-က ဖြင့်အမှုဖွင့်ထားသည်ဟု သိရသည်။