မြစ်ကြီးနားမြို့နယ်၊ အကျဲကျေးရွ

မြစ်ကြီးနားမြို့နယ်၊ အကျဲကျေးရွာရှိ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ယနေ့ မွန်းလွဲ ၁၂နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်းများ လုံခြုံရေးလိုက်ပါလာသော ဆီသယ်ကားယာဉ်တန်းကို KIA အဖွဲ့မှ ပစ်ခတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အကျဲကျေးရွာရှိ ဆွတ်လုံခရုန်ဆီဆိုင်နှင့် ကျောက်စခန်းအကြားတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတစ်ဦးက The 74 Media ကို ပြောသည်။

“ဆွတ်လုံခရုန်နဲ့ ကျောက်စခန်းကြားမှာ ဖြစ်တာ၊ ဆီဘောက်ဆာကားဖြတ်လာတာကို ပစ်ပေးတာ၊ အဲ့ဒီဆီဘောက်ဆာကားကို သူတို့ကအရမ်း လိုက်ကာကွယ်ပေးနေတဲ့ ကြားကနေကို ပစ်ပေးလိုက်တာ” ဟု ပြောသည်။

အဆိုပါ ဆီသယ်ယာဉ်တန်းတွင် ဆီသယ်ကားအသေး လေးစီး၊ ဆီဘောက်ဆာကားအကြီး တစ်စီးပါဝင်ပြီး ဆီဘောက်ဆာကားအကြီးကို KIA အဖွဲ့မှ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ ပစ်ခတ်ပြီးနောက် ဆုတ်ခွာသွားသည့် KIA အဖွဲ့အား စစ်ကောင်တပ်များမှ လေယာဥ်ဖြင့် လိုက်လံပစ်ခတ်ခဲ့သော်လည်း KIA စစ်သည်များ ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း သိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ