ဖားကန့်မြို့နယ် အေးမြသာယာသပိတ်စစ်ကြောင်း လူထောင်ချီဖြင့် ဆက်လက်ချီတက်

ဖားကန့်မြို့နယ်၊ အေးမြသာယာသပိတ် မစမှီ ယနေ့ မေလ ၁၂ ရက် နံနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီးသွားသည့် ပြည်သူနှစ်ဦးကို ၅၀၅-က ဖြင့်အမှုဖွင့်ထားသည်ဟု သိရသည်။

သပိတ်စတင်ရန် လူစုနေချိန်တွင် သပိတ်ပါဝင်သူ တစ်ဦးက ရဲနှင့် စစ်သားများ ရှိရာသို့ သပိတ်ပြုလုပ်နိုင်ရန် သွားရောက်ညှိနှိုင်းချိန်တွင် ဖမ်းဆီးခံခဲ့ခြင်းဖြစ်သည်ဟု သပိတ်တွင် ပါဝင်သူ တစ်ဦးက The 74 Media ကို ပြောသည်။
“ရှရော်ခက ကိုသက်နိုင်ရယ်၊ တစ်ခြားတစ်ယောက်ရယ် ပါသွားတာ ဟုတ်တယ်၊ ပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်ထားပြီ၊ ဒီမနက် အေးမြသာယာဈေးထဲက စစ်သားတွေကို သွားပြီး သွားညှိတာ၊အဲ့တော့ ဟိုက ဆွဲစိပြီပေါ့၊တစ်ခါတည်း ဖမ်းခေါ်သွားတာ” ဟု ပြောသည်။
ဖားကန့်မြို့နယ်၊လုံးခင်းကျေးရွာရှိ ရာစုသစ် လက်ဖက်ရည်ဆိုင်မှ ဆိုင်ရှင်အမျိုးသမီးကိုလည်း သပိတ်စစ်ကြောင်းတွင် အသုံးပြုသည့် ပစ္စည်များ တွေ့ရှိသည်ဟု ဆိုကာ ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ထားသည်။

ဖားကန့်မြို့နယ်သည် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်အားကောင်းသည့်မြို့တစ်ခုဖြစ်ပြီး နေ့စဉ် အေးမြသာယာ၊ ရှရော်ခ၊ တာမခန်နှင့် လုံးခင်းများတွင် ထောင်နှင့်ချီပါဝင်သည့် သပိတ်စစ်ကြောင်းဖြင့် နေ့စဉ်ဆန္ဒထုတ်ဖော်ခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ