News

စခန်းသိမ်းတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် မံစီမြို့နယ်ရှိ စစ်ရှောင်များ အရေးပေါ်အကူအညီလိုအပ်နေ

စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် မံစီမြို့နယ်ရှိ ကျေးရွာခြောက်ရွာမှ ပြည်သူများ နေရပ်သို့မပြန်နိုင်သေးသဖြင့် အစားအသောက်နှင့် အဝတ်အထည်များ အရေးပေါ် အကူအညီလိုအပ်နေကြောင်း သိရသည်။

ရွှေဘိုတွင် စစ်ကောင်စီတပ်က နေအိမ် ၂၅၀ ကျော်ကို အကြောင်းမဲ့မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ အနောက်ဘက်ခြမ်းရှိ အိမ်ခြေ ၂၅၀ ကျော်ခန့်ကို စစ်ကောင်စီနှင့် ပျူစောထီး ပူးပေါင်းအဖွဲ့က အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။

ဂါးရာယန်ကျေးရွာတွင် တိုက်ခိုက်ခံခဲ့ရသည့် စစ်ကောင်စီစစ်ကြောင်းက ဆမားဇုံနယ်နှစ်ခြင်းအသင်းချုပ်ရုံးတွင် ဝင်ရောက်တပ်စွဲထား

ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် ဝိုင်းမော်မြို့နယ်၊ ဂါးရာယန်ကျေးရွာတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် စစ်ကောင်စီစစ်ကြောင်း ယနေ့ နံနက် ၁၀ နာရီခန့်မှစတင်ကာ ကဇူးကျေးရွာရှိ ဆမားဇုံနယ် KBC နှစ်ခြင်းအသင်းတော်ရုံးအတွင်း...

စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ကလေးတွင်ဒေသခံသုံးဦးသေ

ကလေးမြို့၊ မွန်းလိုင်ရပ်ကွက်တွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သောကြောင့် ပြည်သူ သုံးဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ထိုင်းနိုင်ငံသို့ထွက်ပြေးလာသည့် မြန်မာနိုင်ငံသားများကို အလုပ်လုပ်ကိုင်ခွင့်ပေးရန် ထိုင်းလွှတ်တော်အမတ်တစ်ဦး တောင်းဆို

ပုံ – ထိုင်းနိုင်ငံသို့ အထောက်အထားမဲ့ ဝင်ရောက်ခဲ့သည့် မြန်မာနိုင်ငံသားများကို တွေ့ရစဉ်။ (ဓါတ်ပုံ – PIYARAT CHONCHAROEN)   စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကြောင့် ထိုင်းနိုင်ငံသို့ထွက်ပြေးဝင်ရောက်လာသူများကို...

ပင်လည်ဘူးတွင် စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့အတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ကြား ယနေ့ နံနက် ၄ နာရီခန့်မှစတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။

ရပ်ထားသည့်သုံးဘီးကို ဝင်တိုက်မိပြီး အမျိုးသားတစ်ဦး ဇက်ကျိုးသေဆုံး

ရပ်ထားသောသုံးဘီဆိုင်ကယ်ကို ဝင်တိုက်မိသည့် ဆိုင်ကယ်မောင်းနင်သူအမျိုးသားတစ်ဦး ယနေ့ ညနေ ၅ နာရီခန့်က ဝိုင်းမော်မြို့တွင် သေဆုံးခဲ့ကြောင်း သိရသည်။

တန့်ဆည်တွင် စစ်ကောင်စီတပ်၏ ပူးပေါင်းတပ်စခန်းတစ်ခုကို တော်လှန်ရေးတပ်က တိုက်ခိုက်သိမ်းပိုက်

တန့်ဆည်မြို့နယ်၊ ကံထူးမကျေးရွာရှိ ရဲစခန်းနှင့် စစ်ကောင်စီစခန်းကို တော်လှန်ရေးပူပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်ကလည်း ပြန်လည်စစ်ကြောင်းထိုးနေကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီးနှစ်ဦး ထိတ်လန့်သေဆုံး

စစ်ရေးဆက်လက်တင်းမာနေသည့် မံစီမြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် သက်ကြီးရွယ်အိုအချို့ ထိပ်လန့်သေဆုံးခဲ့ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်လေလံတင်ရောင်းချရာတွင် ပါဝင်သူအားလုံးကို အရေးယူမည်ဟု NUG ထုတ်ပြန်

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ကို လေလံတင်ရောင်းချရာတွင် ပါဝင်သူအားလုံးကို အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ဟု NUG ၏ အမွေအနှစ်ဆိုင်ရာ ကြားကာလ စီမံအုပ်ချုပ်မှုဗဟိုအဖွဲ့က ယနေ့နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည်။

မြစ်ကြီးနားတွင် ဓားဒဏ်ရာရရှိထားသောအမျိုးသားတစ်ဦးကို ဆိုင်ကယ်ဖြင့် စွန့်ပစ်သွား၊ တစ်နာရီကျော်အကြာတွင် သေဆုံး

ဆိုင်ကယ်တစ်စီးဖြင့် မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်တွင် ယနေ့မွန်းလွှဲ တစ်နာရီခန့်တွင် လာရောက်စွန့်ပစ်ခဲ့သော ဓားဒဏ်ရာနှင့်အမျိုးသားတစ်ဦး တစ်နာရီခန့်အကြာတွင် သေဆုံးသွားကြောင်းသိရသည်။

ကချင်ပြည်နယ်သို့ ခရီးသွားလာသည့် အခြားဒေသမှလူငယ်များ မကြာခဏဖမ်းဆီးခံနေရ

စစ်မှုမထမ်းမနေရ ဥပဒေအာဏာတည်ကြောင်း ထုတ်ပြန်ကြေညာပြီးနောက် ကချင်ပြည်နယ်သို့လာရောက်သည့် လမ်းတစ်လျှောက်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်များတွင် ခရီးသွားလူငယ်အချို့ ဖမ်းဆီးခံနေရကြောင်း သိရသည်။