Multimedia

မြစ်ကြီးနား မော်ဖောင်းရပ်ကွက်မှ ဧပြီလအတွင်း လက်နက်ကြီးစထိမှန်ခဲ့သည့် အမျိုးသားကွယ်လွန်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် မော်ဖောင်းရပ်ကွက်တွင် ဧပြီလအတွင်း လက်နက်ကြီးစထိမှန်ခဲ့သည့် အမျိုးသား ရရှိထားသည့်ဒဏ်ရာကြောင့် ယမန်နေ့က ကွယ်လွန်သွားပြီဖြစ်ကြောင်းသိရသည်။

တန့်ဆည်မြို့ သစ္စေးပင်လှကျေးရွာရှိ မိုင်တဲ (Mytel) တာဝါတိုင် ဖောက်ခွဲဖျက်ဆီးခံရ

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်၊ သစ္စေးပင်လှကျေးရွာ အနောက်ဘက်ရှိ မိုင်တဲ (Mytel) တာဝါတိုင် ယမန်နေ့ စက်တင်ဘာ ၇ ရက်နေ့ညက ဖောက်ခွဲဖျက်ဆီးခံရကြောင်း သိရသည်။

မြစ်ကြီးနားတက္ကသိုလ်ကျောင်းသားသမဂ္ဂထုတ်ပြန်

ကျောင်းသားထုမှ အာဏာရှင်၏ ထောက်တိုင်များအား ဖြိုဖျက်ကြရန်နှင့် တော်လှန်ရေးတွင် မိမိတတ်နိုင်သည့် ဘက်မှပါဝင်သွားမည်ဟု မြစ်ကြီးနားတက္ကသိုလ်ကျောင်းသားသမဂ္ဂထုတ်ပြန်  

ပူတာအိုတွင် ပြည်သူပိုင်မြေယာအချို့ကို လမ်းဖောက်လုပ်ရန် စစ်ကောင်စီ စီစဉ်နေ

ကချင်ပြည်နယ် ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက်နှင့် လေယာဉ်ကွင်းရပ်ကွက်ကြားရှိ ဒေသခံပြည်သူများ၏ လယ်ယာမြေများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများနှင့် ညှိနှိုင်းခြင်းမရှိပဲ လမ်းဖောက်လုပ်ရန် ပြုလုပ်နေကြောင်း သိရသည်။

ဩဂုတ်လအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၈၀ ခန့်သေဆုံးကြောင်း NUG ထုတ်ပြန်

မြန်မာနိုင်ငံနှံ့တွင် ဩဂုတ်လအတွင်းဖြစ်ပွားခဲ့သည့် တိုက်ပွဲနှင့် ပဋိပက္ခများတွင် စစ်ကောင်စီ ၅၈၀ ခန့်သေဆုံးကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

မြစ်ကြီးနားမြို့ရှိ ရပ်ကွက်အချို့တွင် စက်တင်ဘာ ၇ ရက်နေ့မှ စတင်ကာ မီးပြတ်မည်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် စက်တင်ဘာ ၇ ရက်နေ့မှစတင်ပြီး ဓာတ်အားစနစ်တိုးတက်ရေးအတွက် နှစ်ထပ်လိုင်းအဆင့်မြှင့်တင်ခြင်းပြုလုပ်မည်ဖြစ်သဖြင့် ရပ်ကွက်တချို့တွင် ဓာတ်အားလိုင်းဖြတ်တောက်မည်ဟု သိရသည်။  

အင်ဂျန်းယန်မြို့နယ်အတွင်း ကြွက်များသောင်းကျန်းနေသဖြင့် စပါးအထွက်နှုန်းလျော့ကျမည်ကို စိုးရိမ်ရ

ကချင်ပြည်နယ်၊ အင်ဂျန်းယန်မြို့နယ်မှ ကျေးရွာအချို့၌ တောင်ယာစပါးခင်များတွင် ကြွက်များသောင်းကျန်းနေသဖြင့် ဒေသခံများက စပါးအထွက်နှုန်းလျော့ကျမည်ကို စိုးရိမ်နေကြောင်း သိရသည်။

ရေဦးမြို့တွင် လူငယ်တစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်သတ်ဖြတ်

စစ်ကိုင်းတိုင်း ရေဦးမြို့နယ်၊ ပုဏ္ဏကားရွာနှင့် အင်တောရွာကြားတွင် ယမန်နေ့ စက်တင်ဘာ ၄ ရက် ည ၉ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များက လူငယ်တစ်ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

တန့်ဆည်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အမျိုးသားတစ်ဦးကို အကြောင်းမဲ့သတ်ဖြတ်

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်၊ ဖလံချိုင်ကျေးရွာ သုဿန် အနောက်တွင် ယမန်နေ့ စက်တင်ဘာ ၄ ရက် နံနက် ၅ နာရီခန့်က ရွာသားတစ်ဦးကို စစ်‌ကောင်စီတပ်ဖွဲ့ဝင်များက သတ်ဖြတ်သွားကြောင်းသိရသည်။