တန့်ဆည်မြို့ သစ္စေးပင်လှကျေးရွာရှိ မိုင်တဲ (Mytel) တာဝါတိုင် ဖောက်ခွဲဖျက်ဆီးခံရ
စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်၊ သစ္စေးပင်လှကျေးရွာ အနောက်ဘက်ရှိ မိုင်တဲ (Mytel) တာဝါတိုင် ယမန်နေ့ စက်တင်ဘာ ၇ ရက်နေ့ညက ဖောက်ခွဲဖျက်ဆီးခံရကြောင်း သိရသည်။

တန့်ဆည်မြို့ သစ္စေးပင်လှကျေးရွာရှိ မိုင်တဲ (Mytel) တာဝါတိုင် ဖောက်ခွဲဖျက်ဆီးခံရ

 

Mytel တာဝါတိုင်ကို ဖောက်ခွဲလိုက်စဉ် ကျယ်လောင်သည့်အသံကြားရပြီး မည်သည့်အဖွဲ့က ဖျက်ဆီးလိုက်သည်ကိုမသိရကြောင်း တန့်ဆည်ဒေသခံ တစ်ဦးက The 74 Media ကိုပြောသည်။
“မနေ့ည ၁၀ နာရီ ၁၀ မိနစ်မှာပေါက်ကွဲတာပဲ။ ဘယ်အဖွဲ့တွေသွားခွဲလည်းတော့ မသိဘူး။ အသံပဲကြားလိုက်တာ။ ၄ မိုင်လောက်ရှိတဲ့နေရာကနေကို အကျယ်ကြီးပဲ။ ညက လန့်တောင်နိုးတယ်” ဟုသူကပြောသည်။
စစ်ကိုင်းတိုင်းဒေသအတွင်း ယမန်နေ့တစ်ရက်တည်းတွင် Mytel တာဝါတိုင် ၁၃ ခု ဖောက်ခွဲဖျက်စီးခံပြီး ဘုတလင်မြို့နယ်အတွင်းရှိ တာဝါတိုင် ၁၁ ခု၊ တန့်ဆည်မြို့နယ်မှ တစ်ခုနှင့် ပုလဲမြို့နယ်မှ တစ်ခုတို့ဖြစ်သည်။
သင့်ထင်မြင်ချက်ရေးပေးပါ