ရေဦးမြို့တွင် လူငယ်တစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်သတ်ဖြတ်
စစ်ကိုင်းတိုင်း ရေဦးမြို့နယ်၊ ပုဏ္ဏကားရွာနှင့် အင်တောရွာကြားတွင် ယမန်နေ့ စက်တင်ဘာ ၄ ရက် ည ၉ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များက လူငယ်တစ်ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ခင်ဦးမြို့နယ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ယာဉ်တန်းလာချိန် လမ်းတွင် ပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
ရေဦးမြို့တွင် လူငယ်တစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်သတ်ဖြတ်
“တန့်ဆည်ကို စကစက လုံခြုံရေးတိုးမြင့်ချဖို့ ခင်ဦးစစ်ယာဉ်တန်း အမြန်မောင်းလာချိန် လမ်းဘေးမှာ ပစ်ခံရတာပါ။ ဆီးခုံမှာ မှန်တာပါ” ဟုသူကပြောသည်။
ပစ်ခတ်သတ်ဖြတ်ခံရသူသည် ဖန်ခါးဇင်ကျေးရွာမှ အသက် ၂၁ နှစ်အရွယ် မောင်ခိုင်ဇော်ဖြစ်‌ကြောင်း သိရသည်။
ဆိုင်ကယ်နှစ်စီးနှင့် လူငယ်လေးဦးအတူပြန်လာချိန် ပစ်သတ်ခံရခြင်းဖြစ်ပြီး နှစ်ဦးမှာနေအိမ်သို့ ပြန်လည်ရောက်ရှိလာသော်လည်း တစ်ဦးမှာပျောက်ဆုံးနေဆဲဖြစ်သည်။
တန့်ဆည်မြို့ ဈေးအနောက်ဘက်တွင် စက်တင်ဘာ ၄ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်ရဲနှစ်ဦး ပစ်သတ်ခံရပြီးနောက် စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်မှ လုံခြုံရေးတိုးမြင့်ချထားကြောင်း သိရသည်။
စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်၊ ဖလံချိုင်ကျေးရွာ သုဿန်၏ အနောက်တွင် စက်တင်ဘာ ၄ ရက်နေ့ကလည်း ပြည်သူတစ်ဦးကိုစစ်ကောင်စီတပ်ဖွဲ့ဝင်များကာ လည်ပင်းဓားနှင့်လှီး၍ သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့သည်။
သင့်ထင်မြင်ချက်ရေးပေးပါ