မြစ်ကြီးနားမြို့ အမှတ် (၂) ရဲစခန်းအနီး အသံမိုင်းကွဲ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ခေမာသီရိရပ်ကွက်ရှိ အမှတ်၂ရဲစခန်းနှင့်မီးပွိုင့်လမ်းဆုံတွင် ယနေ့ည ၈နာရီခွဲခန့်က အသံမိုင်းနှစ်လုံးပေါက်ကွဲခဲ့ကြောင်းသိရသည်။
အသံမိုင်း ပေါက်ကွဲသံနှစ်ချက်ကြားရကြောင်း ခေမာသီရိရပ်ကွက်နေ ပြည်သူတစ်ဦးကThe 74Mediaကိုပြောသည်။

“ဟုတ်တယ် အစ်ကို အိမ်ထဲလမ်းလျှောက်နေတုန်းရှစ်နာရီခွဲ ဝန်းကျင်ဖြစ်မယ်၊ နှစ်ချက် တစ်ချက်က လမ်းဆုံမှာနှစ်ချက် တစ်ချက်က လမ်းဆုံမှာအိမ်နားလမ်းဆုံ မီးပွိုင့်နား တစ်ချက်၊ အစ်ကိုတို့အိမ်အနောက်လမ်းကြားထဲ တစ်ချက်” ဟုသူကပြောသည်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အထက်မော်ဖောင်းရပ်ကွက်ရှိ လေတပ်စခန်းအနီးတွင် စက်တင်ဘာ၄ရက်နေ့က လက်နက်ကြီး လက်နက်ငယ်သံများ ကြားရသည်။
သင့်ထင်မြင်ချက်ရေးပေးပါ